
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉/၃၀-၆-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပေါ်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိ ကျေးရွာတွင် လူနေအိမ်(၄၁)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၄၁)လုံး၊ အိမ်ထောင်စု(၄၁)စု၊ ဘေးသင့် လူဦးရေ(၁၁၆)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၄၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၄၃၆၀၀ိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၄၃၄၃၆၀၀ိ/-)(ကျပ်လေးဆယ့်သုံးသိန်းလေးသောင်းသုံးထောင့် ခြောက်ရာတိတိ)အား (၄-၇-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_jul2018
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)