UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့က ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံမှုသတင်း

6_Pic_03 6_Pic_05
နေပြည်တော် ဇူလိုင် ၅

UNHCR မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Indrika Ratwatte နှင့်အဖွဲ့သည် ယနေ့နံနက်တွင် လူမှုှဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် သဘောတူညီမှှုစာလွှာ (LOA) ရေးထိုး၍ ကချင်ပြည်နယ်ရှိ ခိုလှှုံရေးစခန်းများတွင် လူသားချင်းစာနာမှှု အကူအညီများ ထောက်ပံ့ပေးမှှုကိစ္စများ၊ လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှှုစာချွန်လွှာ (MOU) ရေးထိုးနိုင်ရန် ဆောင်ရွက်နေမှှုများ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား  လူသားချင်းစာနာကူညီမှှုများ ထောက်ပံ့နိုင်ရေး ဒေသဆိုင်ရာအစိုးရအဖွဲ့၏ အကူအညီအပြင် စေတနာ့ဝန်ထမ်း လူငယ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ၊ ခိုလှှုံရေးစခန်းများ ပိတ်သိမ်းနိုင်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာချမှတ်နိုင်ရေး UNHCR မှ ကူညီ ပံ့ပိုးမည့်ကိစ္စများ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ နေရပ်ရွှေ့ပြောင်းသူများ ပြန်လာနိုင်ရေးအတွက် ဝန်ကြီးဌာနမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင် ရွက်နေမှှုများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများအား ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဝန်ကြီးဌာနမှ ဦးဆောင်ပြုလုပ်နေမှုများ ဆွေးနွေးပြီး UNHCR အနေဖြင့် ဝန်ကြီးဌာန၏ ကြိုးပမ်းဆောင်ရွက်နေမှှုများအား အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

#hl2_otr
#npw_jul2018
Source:  MSWRR

Sign Up

Upcoming Events