
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးမြို့နယ်၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်မှုတို့ဖြင့် ရေဘေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်ခန်းကို မကွေးမြို့နယ်၊ မြင်းကင်းကျေးရွာတွင် ၂၉-၆-၂၀၁၈ ရက်နေ့ နံနက် (၀၈း၀၀) အချိန်က ပြုလုပ်ခဲ့ပြီး ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော ခရိုင်သဘာဝဘေး ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေး ကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူတို့ တက်ရောက်ကြပြီး မြင်းကင်းကျေးရွာမှ ပြည်သူလူထု(၃၅၀)ဦးခန့် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြသည်။ ဦးစွာရေဘေး ကြိုတင်ရွှေ့ပြောင်းရေး သတိပေးချက်ကို ကျေးရွာလူထုထံသို့ အသိပေးကြေညာခြင်း၊ ကျေးရွာလူထုမှ ဘေးလွတ်ကင်း ရာသို့ ရွှေ့ပြောင်းခြင်း ထိခိုက်လွယ်အုပ်စုများဖြစ်သော သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ ကျန်းမာရေး မကောင်းသူများကို ဘေးလွတ်ကင်းရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ အရေးပေါ် လူနာများကို ယာယီဆေးခန်းများသို့ ညွှန်းပို့ခြင်းတို့ကို အစီ အစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြပြီး ရေဘေးရှောင်ရွာဦးဘုန်းကြီးကျောင်းစခန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးက ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးက ရေးဘေးသဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်မှု၏ အားနည်းချက်/အားသာချက်များ ကိုသုံးသပ်ဆွေးနွေး၍လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးက မှုခင်းလျော့နည်းကျဆင်းရေး အသိပညာ ပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#simex_fld
#mgy_jun2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)