Author Archives: Aye Kyimann
-
ပွင့်ဖြူမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ မြင်းခြံစုကျေးရွာတွင် (၆-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းပြောင်းရွှေ့ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ အလူဇင့် (၇)ပေ သွပ်(၁၅၀)ချပ်တို့အား (၂၃-၇-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgw_jul2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၇.၂၀၁၈)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ မက္ကသင်းကျေးရွာအုပ်စု ဇီးပင်စုကျေးရွာနှင့် ချမ်းသာကြီးကျေးရွာအုပ်စု ချမ်းသာကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်နေအိမ် (၈)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၉,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၉,၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တန်ဖိုးငွေ (၁၆၀,၄၆၄/-)ကျပ်တို့အား (၂၃.၇.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နတ်ညွှန်းကျေးရွာအုပ်စု၊ နတ်ညွှန်းရွာသစ်ကျေးရွာ၌ (၂၀.၇.၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်နှင့် ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် (၂၃.၇.၂၀၁၈)ရက်နေ့ (၁၁း၄၅)နာရီအချိန်တို့၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆) လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၆)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၅၄၆၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၆၅၄၆၀၀/-)ကျပ်တို့အား (၂၃.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီမှ (၁၄း၃၀)အချိန်ထိ လယ်ဝေးမြို့နယ်၊ စည်ပိုင်းကြီး ကျေးရွာအုပ်စု၊ စည်ပိုင်းကြီးကျေးရွာစာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာသူ၊ ကျေးရွာသား (၈၅)ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jul2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့ (၁၅း၄၅)နာရီအချိန်၌ ပျဉ်းမနားမြို့နယ်အတွင်း ကျွန်းဦးကျေးရွာ အုပ်စု၊ ကျွန်းဦးကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ဖိုးငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၃.၇.၂၀၁၈)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့သွားရောက် ထောက်ပံ့ခဲ့ဲ ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_jul2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ(၁)လစာ ဒုတိယအကြိမ် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသည့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာရှိ စခန်း(၄)ခုနှင့် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု (၃၀၁)စု၊ လူဦးရေ(၁၃၅၃)ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဆောင်သောဌာနဆိုင်ရာအဖွဲ့တို့နှင့်အတူ (၂၃.၇.၂၀၁၈)ရက်နေ့တွင် အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံအားပေး၍ တန်ဖိုးငွေကျပ် (၁၆,၇၄၇,၈၇၅/-)ရှိ ဆန်၊ဆီ၊ဆား၊ ပဲ (၁)လစာအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_jul2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာ၌ မြေပြိုဘေး ကြောင့် သေဆုံးသူ(၂)ဦးအတွက် ရန်ပုံငွေ(၆၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရ(၁)ဦးအတွက် ရန်ပုံငွေ(၅၀၀၀၀/-)ကျပ်၊ ပြိုကျနေအိမ် (၁)အိမ်ထောင် အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)အိမ်ထောင်စာ၊ Shelter Kit ပစ္စည်း(၅)မျိုးပါ (၁)စုံ၊ (မိုးကာတဲ(၆)ဦးဆံ့(၁)လုံး(ငှားရမ်းခြင်း))နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း(၇၅၆၃၀၀/-)ကျပ်တို့အား (၂၁.၇.၂၀၁၈)ရက်နေ့ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd #kyh_jul2018 Source: … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်၊ ဗောဓိကုန်းကျေးရွာနှင့် ဒေါင့်မှန်ကုန်းကျေးရွာတို့၌ (၁၆.၇.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၁၉)စုမှ လူဦးရေ (၈၀)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၃)ပုံး (၁၁၂,၀၅၉/-)ကျပ်၊ ပစ္စည်း၁၁မျိုး (၁၆)ပုံး (၂၉၆,၁၆၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁,၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၆၈,၀၀၀/-)ကျပ်၊ … Read more
-
ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီး မှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့် တာဝန်ရှိသူများသည် (၂၂.၇.၂၀၁၈)ရက်နေ့ (၀၃း၃၀)ချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်၊ ရွာတန်ရှည်ကျေးရွာအုပ်စုတွင် ဖက်မိုး၊ ဖက်ကာ နေအိမ်(၁)လုံး ပြိုကျပြီး၊ သွပ်မိုး ပျဉ်ကာ နေအိမ်(၃)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါသည်။ အဆိုပါ လေဘေး ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀ိ/-)ကျပ်၊ အိမ်ထောင်စု(၄)စု၊ လူဦးရေ (၂၂)ဦးအတွက် ဆန်ဖိုးငွေ (၇)ရက်စာ ( ၄၆၂၀၀ိ/- )ကျပ်၊ … Read more
-
ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး၊ ဒေါ်ဝင်းစန္ဒာကြည်နှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၇.၂၀၁၈)ရက်နေ့မှ (၁၈.၇.၂၀၁၈)ရက်နေ့အထိဖြစ်ပွားသည့် တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၉၅)လုံးမှ အိမ်ထောင်စု(၂၀၆)စုမှ လူဦးရေစုစုပေါင်း (၁၀၄၁)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ (၂,၁၈၆,၁၀၀/-)ကျပ်အား (၁၉.၇.၂၀၁၈)ရက်နေ့ (၁၅း၃၀) နာရီချိန်တွင် ထောက်ပံ့ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့များမှ ထောက်ပံ့ငွေအသီးသီးပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြောင်းရွှေ့ အိမ်ထောင်စုများမှလူဦးရေများအတွက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
