Author Archives: Aye Kyimann
-
ကရင်ပြည်နယ်ရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ဒေသများသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဆက်လက် ထောက်ပံ့မှုသတင်း
ဇူလိုင် ၂၆၊ မြဝတီ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသကွက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအား ပေးထောက်ပံ့နိုင်ရန် ရောက်ရှိနေသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အဖွဲ့သည် (၂၅-၇-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့သို့ ဆက်လက်သွားရောက်ခဲ့ပြီး ဓမ္မသုခ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးတိမ်းရှောင်နေသည့် အိမ်ထောင်စု(၂၀)စုရှိ ပြည်သူ (၁၀၁)ဦးအား တွေ့ဆုံ အားပေးကာ ဆန်ရိက္ခာဖိုးငွေ၊ မိသားစုအလိုက် ဆီ၊ ငါးသေတ္တာ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့အား ထောက်ပံ့ခြင်း၊ ကလေးငယ်များအတွက် မုန့်များပေး အပ်ခြင်း၊ ဒေသခံတာဝန်ရှိသူများ၊ … Read more
-
ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့နယ်၊ ကြို့ချောင်းကျေးရွာအုပ်စု၊ ကြို့ချောင်း ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၆)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၆)စုမှ လူဦးရေ(၃၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၅၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၆၅၁၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၆) အိမ်ထောင်စုစာတို့အား (၂၆-၇-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သုံးခွမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း လက်ပန်ချောင် ကျေးရွာအုပ်စု၊ လက်ပန်ချောင် ကျေးရွာတွင် (၂၅-၇-၂၀၁၈)ရက်နေ့၊ (၁၈:၁၅)နာရီအချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉)လုံး ပြိုကျ ပျက်စီးခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၉)စုမှ လူဦးရေ (၃၀)ဦးဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု (၉)စုစာ၊ အိမ်ဆောက် ပစ္စည်းနှင့် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၅,၆၃,၀၀ဝိ/-) ကျပ်တို့အား (၂၆-၇-၂၀၁၈)ရက်နေ့ အုပ်ချုပ်ရေးအဖွဲ့များ ရပ်မိရပ်ဖများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဦးသောင်းရွှေသည် ဘီးလင်းမြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးရှောင်ပြည်သူ (၈၀၆)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ စုစုပေါင်း (၁,၆၉၂,၆၀၀/-)ကျပ်အား (၂၄.၇.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ် ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူတို့သည် (၂၄.၇.၂၀၁၈) ရက်နေ့ ည (၈း၃၀)နာရီအချိန်တွင် ဘီးလင်းမြို့ရေဘေးရှောင်စခန်းများရှိပြည်သူ များထံသို့သွားရောက်၍ အားပေးနှစ်သိမ့်ပေးခြင်း၊ ဆီ၊ ငါးသေတ္တာနှင့် ခေါက်ဆွဲခြောက် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_fld #mon_jul2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စု၊ ပြင်းဝကျေးရွာတွင် (၁၃-၆ -၂၀၁၈)ရက်နေ့မှ (၁၅-၆-၂၀၁၈)ရက်နေ့အထိ ထူးကဲဒီရေကြောင့် ရေထဲမျောပါပျက်စီးသွားခဲ့သော နေအိမ် (ဓနိမိုး၊ဝါးထရံကာ၊ဝါးခင်း) (၅)လုံး အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)နှင့် လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄၈၃၀၀ိ/-) စုစုပေါင်း (၅၄၈၃၀၀ိ/-)ကျပ်တို့အား (၂၅-၇-၂၀၁၈)ရက်နေ့တွင် မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fld #rke_jul2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး … Read more
-
မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၈)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက် ၊ညောင်ပင်ဈေးရပ်ရှိ ဟာရီတောင်မြေပြိုမှုကြောင့် လုံးဝပျက်စီးသွားသောလူနေအိမ်(သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း)(၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော လူနေအိမ်(သွပ်မိုး၊ ဝါးကာ၊ အုပ်ညှပ်)(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ်(သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း)(၁)လုံး လုံးဝပျက်စီးသွားသော အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ တန်ဖိုး(၃၂၃၅၃ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ တန်ဖိုး(၂၅၀၂၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၂၁၀၀၀ိ/-)တို့အား (၂၅.၇.၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_lsd … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မှုသတင်း
လန်ဒန်၊ ဇူလိုင် ၂၅ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဗြိတိန် နိုင်ငံ၊ လန်ဒန်မြို့တွင် (၂၃.၇.၂၀၁၈) ရက်နေ့မှ (၂၄.၇.၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ ၎င်းထိပ်သီးဆွေးနွေးပွဲအား Department for International Development (UK)၊ ကင်ညာနိုင်ငံအစိုးရနှင့် International Disability Alliance တို့က ပူးပေါင်းကျင်းပခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံ (၇၅)နိုင်ငံမှ ကိုယ်စားလှယ် (၇၅၀)ဦး ပါဝင်တက်ရောက်ခဲ့ကြပါ သည်။ ထိပ်သီးဆွေးနွေးပွဲ ပထမနေ့တွင် Civil … Read more
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈)ရက်နေ့နှင့် (၂၅-၇-၂၀၁၈)ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ရာ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပြည်သူလူထုစုစုပေါင်းအင်အား (၃၀၀)ဦး ပူးပေါင်းပါဝင်ခဲ့ပါသည်။ အဆိုပါ ရေဘေးသဏ္ဌာန် တူဇာတ်တိုက်လေ့ကျင့်ခန်းတွင် ကန်ကြီးထောင့်မြို့နယ်၌ သဘာဝဘေးဖြစ်ပွားလာပါက အသုံးပြုနိုင်ရန်အတွက် ဆိုလာမီးအိမ်(၃)လုံး၊ ရေဒီယို (၂)လုံး၊ Hand Speaker (၂)လုံး၊ First Aid … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ဘေးသင့်ပြည်သူများအား (၂၅-၇-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ဒေါင့်ကြီးဘုန်းတော်ကြီးကျောင်း၌ အောက်ပါအတိုင်းထောက်ပံ့ပေးအပ်ခဲ့သည်- (၁) ပန်းတနော်မြို့နယ် ရေပေါ်ကြီးအုပ်စုနှင့် ကဿဝင်အုပ်စုရှိ ကျေးရွာခွဲ (၃)ရွာ၌ (၁၈-၇-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆၁)လုံး အိမ်ထောင်စု (၆၁)အတွက် အိမ်ထောင်စု (၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆,၁၀၀,၀၀၀ိ/-) စုစုပေါင်း လူဦးရေ (၂၈၀)အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈၈,၀၀၀ိ/-)စုစုပေါင်း ရန်ပုံငွေ … Read more
