ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

26_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့သည့် ဘေးသင့်ပြည်သူများအား (၂၅-၇-၂၀၁၈)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ဒေါင့်ကြီးဘုန်းတော်ကြီးကျောင်း၌ အောက်ပါအတိုင်းထောက်ပံ့ပေးအပ်ခဲ့သည်- (၁) ပန်းတနော်မြို့နယ် ရေပေါ်ကြီးအုပ်စုနှင့် ကဿဝင်အုပ်စုရှိ ကျေးရွာခွဲ (၃)ရွာ၌ (၁၈-၇-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၆၁)လုံး အိမ်ထောင်စု (၆၁)အတွက် အိမ်ထောင်စု (၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆,၁၀၀,၀၀၀ိ/-) စုစုပေါင်း လူဦးရေ (၂၈၀)အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၅၈၈,၀၀၀ိ/-)စုစုပေါင်း ရန်ပုံငွေ (၆,၆၈၈,၀၀၀ိ/-)ကို လည်းကောင်း (၂) ပန်းတနော်မြို့နယ် ရေပေါ်ကြီးအုပ်စုနှင့် ကဿဝင်အုပ်စု ကျေးရွာခွဲ(၄)ရွာတွင် (၂၀-၇-၂၀၁၈)ရက် နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ် (၃၈)လုံး အိမ်ထောင်စု (၃၈)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်း လူဦးရေ (၂၁၈)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၄၅၇,၈၀၀ိ/-)ကို လည်းကောင်း (၃) ပန်းတနော် မြို့နယ် ရေပေါ်ကြီးအုပ်စု အောက်ဒေါင့်ကြီးကျေးရွာ၌ (၂၃-၇-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည် နေအိမ် (၂၆)လုံး အိမ်ထောင်စု (၂၆)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀) ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_jul2018
Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events