
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈)ရက်နေ့နှင့် (၂၅-၇-၂၀၁၈)ရက်နေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအားဆောင်ရွက်ခဲ့ရာ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ၊ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ပြည်သူလူထုစုစုပေါင်းအင်အား (၃၀၀)ဦး ပူးပေါင်းပါဝင်ခဲ့ပါသည်။ အဆိုပါ ရေဘေးသဏ္ဌာန် တူဇာတ်တိုက်လေ့ကျင့်ခန်းတွင် ကန်ကြီးထောင့်မြို့နယ်၌ သဘာဝဘေးဖြစ်ပွားလာပါက အသုံးပြုနိုင်ရန်အတွက် ဆိုလာမီးအိမ်(၃)လုံး၊ ရေဒီယို (၂)လုံး၊ Hand Speaker (၂)လုံး၊ First Aid Kits (၁၀)အိတ်၊ ရေသန့်ဆေး(၁)ပုံး၊ လက်ကမ်းစာစောင်(၃၅၀)စုံ၊ ဗီနိုင်းပိုစတာ (၃)ခုတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား အစားအစာနှင့် ရေသန့် များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#simex_fld
#ayy_jul2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)