လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ မင်းကူးလမ်းကျေးရွာအုပ်စု၊ ပြင်းဝကျေးရွာတွင် (၁၃-၆ -၂၀၁၈)ရက်နေ့မှ (၁၅-၆-၂၀၁၈)ရက်နေ့အထိ ထူးကဲဒီရေကြောင့် ရေထဲမျောပါပျက်စီးသွားခဲ့သော နေအိမ် (ဓနိမိုး၊ဝါးထရံကာ၊ဝါးခင်း) (၅)လုံး အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀ိ/-)နှင့် လူဦးရေ (၂၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး (၄၈၃၀၀ိ/-) စုစုပေါင်း (၅၄၈၃၀၀ိ/-)ကျပ်တို့အား (၂၅-၇-၂၀၁၈)ရက်နေ့တွင် မင်းပြားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_fld
#rke_jul2018
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)