လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၇.၂၀၁၈)ရက်နေ့ နံနက်(၇:၃၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက် ၊ညောင်ပင်ဈေးရပ်ရှိ ဟာရီတောင်မြေပြိုမှုကြောင့် လုံးဝပျက်စီးသွားသောလူနေအိမ်(သွပ်မိုး၊ ဝါးကာ၊ ပျဉ်ခင်း)(၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသော လူနေအိမ်(သွပ်မိုး၊ ဝါးကာ၊ အုပ်ညှပ်)(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ်(သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း)(၁)လုံး လုံးဝပျက်စီးသွားသော အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ တန်ဖိုး(၃၂၃၅၃ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောအိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ တန်ဖိုး(၂၅၀၂၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၂၁၀၀၀ိ/-)တို့အား (၂၅.၇.၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_lsd
#rke_jul2018
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)