Author Archives: Aye Kyimann

  • သနပ်ပင်မြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ အိမ်ထောင် စု (၃၄)စုရှိ လူဦးရေ (၁၄၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ (၃၀၆,၆၀၀/-) ကျပ်တို့အား (၃၁-၇-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2018 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုးဘေးအန္တရာယ်ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၈) ရက်နေ့တွင် (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအထိ စစ်တွေမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး(၁၂၀)ဦးတို့အား မိုးကြိုးဘေးအန္တရာယ်ဟောပြောဆွေးနွေး ခဲ့ပြီး၊ တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ နံရပ်ကပ်ပိုစတာများနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_tls #rke_jul2018 Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်မြောက်ပိုင်းခရိုင်၊ အဖျောက်မြို့အတွင်း ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၇.၂၀၁၈)ရက်နေ့တွင် တိုက်ကြီးမြို့နယ် ၊အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင် ကျေးရွာ၊ မအူကုန်းကျေးရွာ၊ ရေပြန်ကျေးရွာနှင့် မဲသောင်ကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုအန္တရာယ်ကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့သည့် အိမ်ခြေ(၁၇)လုံး၊ အိမ်ထောင်စု(၁၇)စုမှ လူဦးရေ(၆၃)ဦးတို့ ဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၁,၇၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၃၂၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁၇)အိမ်ထောင်စုစာတို့အား (၃၁.၇.၂၀၁၈)ရက်နေ့ တွင် ရေပေါ်သောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_jul2018 … Read more

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ တွင် (၃၀.၇.၂၀၁၈)ရက်နေ့(၁၂း၃၅) အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၃၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၇၁,၄၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း(၇၇၁,၄၀၀ိ/-)ကျပ်တို့အား (၃၁.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ အောင်ပန်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #mgy_jul2018 Source:  ရေစကြိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ သမ္ဘရာကျေးရွာအုပ်စု၊ သမ္ဘရာကျေးရွာတွင် (၂၉.၇.၂၀၁၈)ရက်နေ့တွင် (ဝရး၀၀)နာရီမှ (၀၉း၁၅)နာရီ အချိန်ထိ မင်းတုန်းချောင်းရေတိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၉)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု (၉)စု၊ လူဦးရေစုစုပေါင်း(၃၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၅,၁၀၀ိ/-)နှင့် နေအိမ်(၉)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၉၆၅,၁၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၉)အိမ်ထာင်စာတို့ အား (၃၁.၇.၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ရေနစ်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ (၁၉း၀၀)နာရီအချိန်တွင် အမ်းမြို့နယ်၊ တိုက်မော်အုပ်စု၊ ကံဇလီ(အောက်)ကျေးရွာနေ ဒေါ်ခင်ထွေးရီ အသက်(၄၆)နှစ် (ရွာဆော်) သည် ကံဇလီအထက်ကျေးရွာသို့ ရေကြီးလာနိုင်သောကြောင့် ကျေးရွာနေပြည်သူများ အသိပေးဆော်သြရန် ၎င်းနေအိမ်မှ ထွက်ခွာသွားရာ နေအိမ်သို့ ပြန်လည်ရောက်ရှိမှုမရှိသဖြင့် ရွာသားများမှ ဝိုင်းဝန်းရှာဖွေရာ (၂၈.၇.၂၀၁၈)နေ့ (၁၀း၃၀)အချိန်တွင် အမ်းမြို့နယ်၊ လက်ခွာဒွေကျေးရွာအုပ်စု တစ်ဘက်ကမ်းရှိ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူကျေးရွာအုပ်စု၊ ငန်းကျွန်းအနီးမြစ်ထဲတွင် ရေနစ်သေဆုံးလျက်တွေ့ရှိရပါသဖြင့် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရေနစ်သေဆုံးသူ(၁)ဦးအတွက် (၃)သိန်းကျပ်အား အမ်းမြို့နယ်အထွေထွေ/အုပ်ချုပ်ရေးဦးစီးဌာနသို့ (၃၀.၇.၂၀၁၈)ရက်နေ့တွင် … Read more

  • ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၈)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအချိန်ထိ ကျောက်ဖြူမြို့၊ အ.ထ.က(၁)၌  ဆရာ/ဆရာမများ၊ ကျာင်းသူ/သားများစုစုပေါင်း (၄၀၀) ဦးကျော်အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲ တွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ၊ ဘောပင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေးဖြစ်ပွားမှုဗီဒီယိုပြသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ #ar #rke_jul2018 Source:   ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ပဲခူးမြို့မှ မွန်ပြည်နယ် ဘီးလင်းမြို့သို့သွားရောက်ခဲ့ပြီး   ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့်တာဝန်ရှိသူများလိုက်ပါ၍ ယာယီ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူလူထုများကို တွေ့ဆုံကာ အားပေးစကားပြောကြားပြီး လိုအပ်သော ဆန်ရိက္ခာဖိုး၊ စားသုံးဆီ၊ ငါးသေတ္တာနှင့် လူမှုရေးအကူအညီများ၊ ကယ်ဆယ်ရေး တာဝန်ထမ်းဆောင်နေစဉ် ပျောက်ဆုံးခဲ့သော တပ်မတော်သား (၃)ဦးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ စက်တပ်လှေ (၅) စင်း ပေးအပ်ခြင်းနှင့် ရေဘေးခိုလှုံရာအဆောက်အဦး (cyclone shelter) (၂)လုံး ဆောက်လုပ်ရန် အတွက် … Read more

  • မြစ်ရေကြီးခြင်း သတိပေးချက်

    ================================================= ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချျက် ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)လက်မခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေ ဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events