လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့ (၁၉း၀၀)နာရီအချိန်တွင် အမ်းမြို့နယ်၊ တိုက်မော်အုပ်စု၊ ကံဇလီ(အောက်)ကျေးရွာနေ ဒေါ်ခင်ထွေးရီ အသက်(၄၆)နှစ် (ရွာဆော်) သည် ကံဇလီအထက်ကျေးရွာသို့ ရေကြီးလာနိုင်သောကြောင့် ကျေးရွာနေပြည်သူများ အသိပေးဆော်သြရန် ၎င်းနေအိမ်မှ ထွက်ခွာသွားရာ နေအိမ်သို့ ပြန်လည်ရောက်ရှိမှုမရှိသဖြင့် ရွာသားများမှ ဝိုင်းဝန်းရှာဖွေရာ (၂၈.၇.၂၀၁၈)နေ့ (၁၀း၃၀)အချိန်တွင် အမ်းမြို့နယ်၊ လက်ခွာဒွေကျေးရွာအုပ်စု တစ်ဘက်ကမ်းရှိ ကျောက်ဖြူမြို့နယ်၊ ကျောက်ငူကျေးရွာအုပ်စု၊ ငန်းကျွန်းအနီးမြစ်ထဲတွင် ရေနစ်သေဆုံးလျက်တွေ့ရှိရပါသဖြင့် ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရေနစ်သေဆုံးသူ(၁)ဦးအတွက် (၃)သိန်းကျပ်အား အမ်းမြို့နယ်အထွေထွေ/အုပ်ချုပ်ရေးဦးစီးဌာနသို့ (၃၀.၇.၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#rke_jul2018
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)