Author Archives: Aye Kyimann
-
မြစ်ရေကြီးမှုအခြေအနေသတင်း
==================================================== ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ တိုးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မအူပင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၁၇) လုံးအား သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောက်လုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ (၂)၌ ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်မည့် Shelter (၁၇)လုံး အား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောက်လုပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ တိုင်းဒေသကြီးတည် ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးကြည်ဆွမ်း၊ လုပ်ငန်းအရည်အသွေးစိစစ်မည့် (QC)အဖွဲ့(၅)ဖွဲ့ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီ (၁၀)ခုမှ ကိုယ်စားလှယ်တို့ပူးပေါင်း၍ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_aug2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့ပါးရေးခေါင်စဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သောသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးရေးခေါင်စဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) အစီအစဉ်အား (၁၅-၈-၂၀၁၈)ရက်နေ့ နေ့လည်(၁၁း၀၀)အချိန်တွင် မြောက်ဦး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမှ အဖွင့် မိန့်ခွန်းအားလည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားအားလည်းကောင်း ခရိုင်ပြန်/ဆက်ဦးစီးမှူးမှ ပြည်သူ့စကားဝိုင်း ကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်ခရိုင်ဘေးစီမံဦးစီးမှူး မြို့နယ်မီးသတ်ဦးစီးမှူးမြို့နယ် သစ်တောဦးစီးမှူးနှင့်မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးမှူးတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် … Read more
-
မုန်တိုင်းငယ်သတင်း
(၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ——————————————————————————– မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ ——————————————————————————– (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ် (Depression)တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ သြရိဿ ကမ်းခြေကို ဘူဘမ်နဆွာမြို့(Bhubaneswar)အနီးမှ ဖြတ်ကျော်ဝင် ရောက်လျက်ရှိပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင် အဆင့်ဟု … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၈.၂၀၁၈)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာအုပ်စု၊ မပုတေးကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်း၍ မြစ်ရေကြီးပြီး လှိုင်းပုတ်ခတ်မှုကြောင့် ရေဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁)အိမ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ် အဆိုပါအိမ်ထောင်စု (၁)စုမှ ဘေးသင့်လူဦးရေ (၈)ဦးအတွက် ဆန်ဖိုးရန်ပုံငွေ (၁၆,၈၀၀/-) စုစုပေါင်းငွေကျပ် (၁၁၆,၈၀၀/-)ကျပ် နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစီတို့အား (၁၅.၈.၂၀၁၈) ရက်နေ့ (၁၁း၃၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_fld #tny_aug2018 … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်
================================================== ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲ ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် လှည်းကူးမြို့နယ်၊ ဒါးပိန်ရွာမိုးကြိုးဘေးထောက်ပံ့မှု (၈.၈.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူး မြို့နယ်၊ ဒါးပိန်(မြောက်)ကျေးရွာအုပ်စု၊ ဘုရားကွင်းကျေး ရွာနေဦးခင်ကြိုင်၊ အသက်(၄၈)နှစ်သည် ၎င်းပိုင်နွား(၁)ကောင်အားဆွဲ၍ နေအိမ် သို့ပြန်လာ စဉ်ဒါးပိန်(တောင်)ကျေးရွာအုပ်စု၊ သုသာန်အနီးတွင် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသဖြင့်၊ (၁၅.၈.၂၀၁၈)ရက်နေ့တွင် ကျန်ရစ်သူ မိသားစုထံသို့ သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ygn_aug2018 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်အုပ်စု၊ စစ်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုတို့တွင် (၁၂.၈.၂၀၁၈)နေ့မှ (၁၄.၈.၂၀၁၈)နေ့ထိ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၂၉)လုံး၊ ၎င်းအိမ်ထောင်စု (၂၉)စုရှိ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၂၉)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၉၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၄,၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃,၁၁၄,၂၀၀/-)ကျပ်ကိုလည်းကောင်း (၁၅-၈-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_rbe #ayy_aug2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
==================================================== ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ပေဝက်ခန့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၄)ပေခွဲခန့် … Read more
-
ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၂၀)နာရီမှ (၁၅း၄၅)နာရီအချိန်ထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အ-လ-က(ပြစ်မ)ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးကျော်အား ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #mgy_aug2018 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
