ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

15_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကံဘက်အုပ်စု၊ စစ်ကုန်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုတို့တွင် (၁၂.၈.၂၀၁၈)နေ့မှ (၁၄.၈.၂၀၁၈)နေ့ထိ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၂၉)လုံး၊ ၎င်းအိမ်ထောင်စု (၂၉)စုရှိ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၂၉)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၉၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၄,၂၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃,၁၁၄,၂၀၀/-)ကျပ်ကိုလည်းကောင်း (၁၅-၈-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

#ha_rbe
#ayy_aug2018
Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events