ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

15_Pic_01 15_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၂၀)နာရီမှ (၁၅း၄၅)နာရီအချိန်ထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အ-လ-က(ပြစ်မ)ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးကျော်အား ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_eqk
#mgy_aug2018
Source:  ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events