Author Archives: Aye Kyimann
-
အသိပညာပေး ဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၁-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့၊ ဗိုလ်ချုပ်လမ်းနှင့်လျှပ်စစ်ရုံးလမ်းခွဲနေရာနှင့် ဂန့်ဂေါလမ်း View Point – ၁ ရှေ့မျက်နှာစာနေရာတို့တွင် ငလျင်အသိပညာပေးဆိုင်းဘုတ်များအား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #chn_nov2018 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီၤးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၁၈)ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ နတ်မော်ကျေးရွာ၌ ၂၀၁၅-၂၀၁၆/၂၀၁၇-၂၀၁၈ခုနှစ်များတွင် ကမ်းပါးပြိုကျမှုကြောင့် အိုးအိမ်မဲ့ဖြစ်နေသူများ အတွက် အိမ်ထောင်စု(၁)စုလျှင် (၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု(၃၁)စုအတွက် ထောက်ပံ့ငွေ (၃၁)သိန်းကျပ်အား နတ်မော်ကျေးရွာအုပ်ချုပ်ရေး မှူးရုံး၌ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ကြောင်း သတင်းရရှိပါ သည်။ #ha_rbe #rke_nov2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
“သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈)” ပိတ်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၈)” ပိတ်ပွဲအခမ်းအနားအား (၂-၁၁-၂၀၁၈)ရက်နေ့ (၁၅းဝဝ)နာရီအချိန်၌ ကိုးသိန်း အားကစားကွင်းသင်တန်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး၊ ညွှန်ကြားရေးမှူးမှ အမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအား ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၅ဝ)ဦးဖြင့် (၂၉.၁၀.၂၀၁၈) ရက်နေ့မှ (၂.၁၁.၂၀၁၈)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bank အဖွဲ့နှင့် Mr. Roelf Meyer တို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နိုဝင်ဘာ၂၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား World Bankမှ Country Director(Myanmar)ဖြစ်သူ Ms.Ellen Goldsteinနှင့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့၏အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီလာရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်အဖွဲ့၏ IDA … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမှုသတင်း
နေပြည်တော်၊ နိုဝင်ဘာ ၂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၏ (၂/၂၀၁၈) ညှိနှိုင်း အစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မသန်စွမ်းသူများ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီနှင့် နေပြည်တော်ကော်မတီတို့အား ဖွဲ့စည်းဆောင် ရွက်နိုင်ခဲ့ပါကြောင်း၊ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၀.၂၀၁၈)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ ကဇိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ်(၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၈)သိန်းအား (၃၀.၁၀.၂၀၁၈)ရက်နေ့ တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_oct2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာတွင် (၂၈.၁၀.၂၀၁၈)နေ့ လေဘေးကြောင့် အမိုးလန် ပျက်စီးသွားသော အိမ်ခြေ(၂)လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၂) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး(၂)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၅၂၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၂၅၂၀ဝ/)ကျပ် တို့အား (၃၀-၁၀-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_oct2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ တက်ရောက်မှု သတင်း
အောက်တိုဘာ ၂၅၊ ဟနွိုင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် အောက်တိုဘာလ (၂၄) ရက်နှင့် (၂၅) ရက်နေ့များ တွင် ကျင်းပခဲ့သော တတိယအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ် နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Dao Ngoc Dung … Read more
-
ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ မံကင်းကျေးရွာအုပ်စု၌ (၁၄-၁၀-၂၀၁၈)ရက်နေ့တွင် မိုင်းနင်းမိသော ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်တိတိအား(၂၂-၁၀-၂၀၁၈)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #otr #kcn_oct2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၁၀.၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ(၁၁း၀၀)နာရီထိ မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာအုပ်စု၊ သိလ္လာကျေးရွာ တွင် ပြည်သူလူထုစုစုပေါင်း (၁၀၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်းနှင့် ဆောင်ရန်/ ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_oct2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
