Author Archives: Aye Kyimann

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ် တလုပ်လပ်အနာက်ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာတွင် (၆.၁၂.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁) လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ(၈)ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၁၆၈၀၀/-)ကျပ် တို့အား (၇.၁၂.၂၀၁၈)ရက်နေ့ (၁၂း၃၀)နာရီအချိန် တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_rbe #krn_dec2018 Source:    မအူပင်ခရိုင်ဦးစီးမှူးရုံး … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈)ရက်နေ့ (၀၉း၀၀) ချိန်၌ ဘားအံမြို့နယ်၊ မုက္ကဒိကျးရွာအုပ်စု၊ မုက္ကဒိအောက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ ပျဉ်ထောင် ပျဉ်ခင်းသွပ်မိုးနေအိမ် (၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု လူဦးရေ(၁)ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၂၀၀,၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၂,၁၀၀/-) စုစုပေါင်းကျပ် (၂၀၂,၁၀၀/-) တို့အား (၇-၁၂-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာတွင် (၄-၁၂-၂၀၁၈)ရက် (၁၅း၀၀)နာရီတွင် (ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း) နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် ဖိုး(၂,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၁၀၂,၁၀၀)ကျပ်တို့အား (၇-၁၂-၂၀၁၈)ရက်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_dec2018 Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား)သင်တန်း (၅/၂၀၁၈)ဆင်းပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၅/၂၀၁၈)ကို (၅-၁၂-၂၀၁၈)ရက်နေ့မှ (၇-၁၂-၂၀၁၈)ရက်နေ့ထိ ကျင်းပဖွင့်လှစ်ခဲ့ရာ (၇-၁၂-၂၀၁၈)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2018 Source:   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ စက်ဆန်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (စက်ဆန်း)တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြ လေ့ကျင့်ခြင်း အစီအစဉ်ကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးမှ အဖွင့်အမှာစကား ပြောကြားကာ ဟောပြောပွဲကိုစတင်ကျင်းပခဲ့ရာ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ပထမပိုင်းအစီအစဉ်များ ရပ်နားခဲ့ပါသည်။ နေ့လည် (၁း၀၀)နာရီအချိန်တွင် သရုပ်ပြလေ့ကျင့်ခြင်းအစီအဉ်ကို ဆက်လက်ကျင်းပ ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး … Read more

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောက်လုပ်သည့် Cyclone Shelter များ သွားရောက်စစ်ဆေးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါ်သဇင်ထွန်း (ဦးစီးအရာရှိ)သည် (၇-၁၂-၂၀၁၈)ရက်နေ့တွင် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ခမောက်မော်ကျေးရွာနှင့် ကံချိုင်ကျေးရွာတို့၌ အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသော Cyclone Shelter (၂)လုံး၏ (၂၅%)လုပ်ငန်းပြီးစီးမှုအခြေအနေအား မြို့နယ် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။ #otr #ayy_dec2018 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေရေး အလုပ်ရုံဆွေးနွေးပွဲ (Strengthening Emergency Operation Center (EOC)’s Function Workshop) ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် USAID နှင့် ပူးပေါင်း၍ (၇-၁၂-၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွက် သင်္ဂဟဟိုတယ်၊ နေပြည်တော်တွင် “အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ လုပ်ငန်းစွမ်းဆောင် ရည် တိုးတက်ကောင်းမွန်စေရေးအလုပ်ရုံဆွေးနွေးပွဲ” အားကျင်းပပြုလုပ်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး ချုပ်မှ အဖွင့်အမှားစကားပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသ ကြီးဦးစီးမှူးရုံး၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ချင်းပြည်နယ်ဦးစီးမှူးရုံး၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ USAID နှင့် ADPC တို့အပါအဝင် စုစုပေါင်း လူဦးရေ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု ရွာမကျေးရွာ၌ (၃.၁၂.၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၁၄)လုံး အိမ်ထောင်စု(၁၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)ကျပ် စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၈,၁၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၅၂၈,၁၀၀/-)တို့အား (၅.၁၂.၂၀၁၈)ရက်နေ့ (၁၀း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2018 Source:     မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးမှုသတင်း

    ဒီဇင်ဘာ ၄၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဆိုင် ရာအကြံချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်း ဆွေးနွေး အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန် ယူချိန်မှစတင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အကြံပြုချက်များကိုရယူခဲ့ပါကြောင်း၊ ဤအချက်များသည် အစိုးရသစ်၏ … Read more

Sign Up

Upcoming Events