
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာတွင် (၄-၁၂-၂၀၁၈)ရက် (၁၅း၀၀)နာရီတွင် (ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း) နေအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက် ဖိုး(၂,၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ (၁၀၂,၁၀၀)ကျပ်တို့အား (၇-၁၂-၂၀၁၈)ရက်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#rke_dec2018
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)