
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၁၈)ရက်နေ့ (၀၉း၀၀) ချိန်၌ ဘားအံမြို့နယ်၊ မုက္ကဒိကျးရွာအုပ်စု၊ မုက္ကဒိအောက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ ပျဉ်ထောင် ပျဉ်ခင်းသွပ်မိုးနေအိမ် (၁)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု(၁)စု လူဦးရေ(၁)ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာနှင့် ပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် (၂၀၀,၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၂,၁၀၀/-) စုစုပေါင်းကျပ် (၂၀၂,၁၀၀/-) တို့အား (၇-၁၂-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_dec2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)