
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု ရွာမကျေးရွာ၌ (၃.၁၂.၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၁၄)လုံး အိမ်ထောင်စု(၁၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)ကျပ် စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၈,၁၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၅၂၈,၁၀၀/-)တို့အား (၅.၁၂.၂၀၁၈)ရက်နေ့ (၁၀း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_dec2018
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)