Author Archives: Aye Kyimann
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးကျင်းပပြုလုပ် မှုသတင်း
နိုဝင်ဘာ ၂၇၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ USAID တို့နှင့်ပူးပေါင်း၍ နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများကို ခေတ်ကာ လနှင့် လိုက်လျောညီထွေရှိစေရေး၊ နိုင်ငံ တကာစံချိန် စံနှုန်းများနှင့် လိုက်လျော ညီထွေဖြစ်စေရေး၊ ပြည်သူ လူထုအတွက် ပိုမို ထိရောက်သည့် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁၁.၂၀၁၈)ရက်နေ့တွင် သံတွဲမြို့၊ အံတော်ကျေးရွာတွင် ကျေးရွားအုပ်ချုပ်ရေးမှူးနှင့် အရပ်သူ/အရပ်သား (၁၁၀)ဦး အား သဘာဝဘေးအသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_nov2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၈)ရက်နေ့ (၁၀း၄၅)နာရီအချိန်၌ နတ်မှော်ကျေး ရွာအုပ်စု၊ နတ်မှော်ရွာသစ်ကျေးရွာတွင် မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်(၅)လုံးတွင် ကျောင်းနေရွယ်ကလေးရှိ နေအိမ် (၃)လုံးအား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃) အိမ်ထောင်စာ ကျန်နေအိမ်(၂)လုံးအား ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာ၊ Family kit (၅)ထုပ်၊ ရေပုံး(၁၀)ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ စုစုပေါင်း (၈၀၀,၀၀၀/-)နှင့် လူဦးရေစုစုပေါင်း (၂၄)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၇.၁၁.၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်အထိ ပန်းတောင်းမြို့နယ်၊ ကိုင်းကြီး ကျေးရွာအုပ်စု ကိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူဦးရေ (၁၂၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက် များဝေငှပေးခဲ့ကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ ဗီနိုင်းပိုစတာ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #bgo_nov2018 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၆)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ အထက ကျောင်းတွင် (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအထိ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမ စုစုပေါင်း (၈၀၀)ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း နှစ်ပတ်လည်နေ့အခမ်း အနား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမှာစကားပြောကြား
ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်၊ မြတ်မင်္ဂလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသော အခမ်းအနားမှာနှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ ကမ္ဘာ့ကလေးများနေ့ကို အမှီပြုပြီးကျင်းပခဲ့ခြင်းမှာ (၂၉) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သော ဖေဖော်ဝါရီ ၁၃ ရက်ကို မြန်မာ့ကလေးများနေ့အဖြစ်သတ်မှတ်ပြီး အခမ်းအနားများဖြင့် ကျင်းပလျက်ရှိပါ ကြောင်း၊ … Read more
-
” ထူးခြားမိုးလေဝသအခြေအနေသတင်း”
(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်၊ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================================= ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၄/၂၀၁၈) ======================================================= “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ် ကွေ့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက်(၃၆)နာရီ အတွင်း ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။” သတိပေးနှိုးဆော်ချက် ================ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၃၆)နာရီ အတွင်း … Read more
-
ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှု သတင်း ========
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့် ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၁၁.၂၀၁၈)ရက်နေ့ (၁၄း၀၀)မှ(၁၅း၀၀)ထိ ကျောက်ဖြူမြို့၊ တောင်ရင်း (အ.လ.က)၌ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀) ဦးကျော်အား ဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဆွေးနွေးဟောပြောဆွေးနွေးခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင် ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ၊ မုန့်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_nov2018 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးနှင့် ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ (၁၉.၁၁.၂၀၁၈) ရက်နေ့တွင် ရှမ်းရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝလောင်ကျွမ်း ပျက်စီးခဲ့သော အိမ်ခြေ (သစ်အိမ်-၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၄၀၀၀၀၀/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ( ၁၄၇၀၀/-) စုစုပေါင်းရန်ပုံငွေ(၄၁၄၇၀၀/-) ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ( တန်ဖိုး-၆၄၇၀၆/-) စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး(၄၁၄၇၀၀/-) ကိုလည်းကောင်း၊ (၁၅.၁၁.၂၀၁၈)ရက်နေ့တွင် ဒေါင့်ကြီးကျေးရွာအုပ်စုညောင်တန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသော အိမ်ခြေ(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်း (၁၀၀၀၀၀၀/-) ဘေးသင့် … Read more
-
တာပေါ်လင်မိုးကာလိပ် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၁.၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ခရီးစဉ်တွင် လယ်ဝေးမြို့နယ်၊ သာယာ ကုန်းကျေးရွာရှိ ကရုဏာမိခင်ဝိုင်းမူကြိုကျောင်းနှင့် မေတ္တာမိခင်ဝိုင်း(၂)ဝိုင်းတွင် အသုံးပြုရန်အတွက် တာပေါ်လင်မိုးကာလိပ် (၂)လိပ်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ #otr #npw_nov2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
