Author Archives: Aye Kyimann
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး (၁၀-၁၂-၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀)မှ (၁၂း၀၀)ထိ အထကခွဲကျောင်း၌ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်းကျေးရွာအုပ်စု ဝမ်တုံကျေးရွာ၌ စုစုပေါင်း (၁၅၀)ဦးအား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ် အကြောင်းများ ဆောင်ရန်၊ ရှောင်ရန်အချက်များ ဆွေးနွေးပို့ချခဲ့ပြီး အသိပညာပေးဗီဒီယိုဖိုင်များပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ မီးဘေးအန္တရာယ် အကြောင်းသိကောင်းစရာများ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေ ကယ်ဆယ် ခြင်းလုပ်ငန်းများ … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀- ၁၂ -၂၀၁၈) နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် မိုးညှင်းမြို့၊ ဟိုပင်မြို့နယ် တကွင်းကျေးရွာ၊ အ.ထ.ကကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၂၃၀)ဦးတို့အားလည်းကောင်း၊ ရွာသစ်ကြီးကျေးရွာ၊ အ.ထ.ကကျောင်း ၌(၁၄း၃၀)အချိန်တွင် ကျောင်းသား/ကျောင်း သူ (၂၄၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲများသွားရောက်ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_dec2018 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စလင်းမြို့နယ်တွင်ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၄)တွင် (၆-၁၂-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၈၉,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၂,၁၈၉,၀၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၂၀)စုစာတို့အား(၁၀-၁၂-၂၀၁၈)ရက်နေ့ (၁၄း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_dec2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
“ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း” နှစ် (၇၀)ပြည့် အထိမ်အမှတ်အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား
ဒီဇင်ဘာ ၁၀၊ ရန်ကုန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်ကျင်းပသော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights -UDHR) နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာစီးပွားရေးဗဟိုဌာန (IBC)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း နှစ်(၇၀)ပြည့် အထိမ်အမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌဦးဝင်းမြက ဖတ်ကြားခဲ့ပါသည်။ ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
=============================================== (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၂-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ.ထ.က(ခွဲ)ညောင်အိုင်ရှိ ကျောင်းသူ/ကျောင်းသား (၄၂၀)ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဆောင်ရွက်မှု သတင်း
ဒီဇင်ဘာ ၉၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်များအား နည်စနစ်မှန်ကန်စွာ ပြုစုစောင့်ရှောက်ရန် လိုအပ်ပါ သည်။ မွေးစမှ (၃)နှစ်အရွယ်အထိ ကလေးငယ်များနှင့် (၃)နှစ်မှ(၅)နှစ် အထိ မူကြိုအရွယ် ကလေးများကို ကဏ္ဍအသီးသီး၌ ဖွံ့ဖြိုးတိုးတက်ရန် မိခင်အပါအဝင် မိသားစုဝင်များ၊ ရပ်ကွက်/ ကျေးရွာရှိ လူမှု အသိုင်းအဝိုင်းတစ်ခုလုံးက သိရှိနားလည် ပါဝင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ မူကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးသော ရပ်ကွက်/ကျေးရွာများ တွင် စနစ်တကျပြုစု စောင့်ရှောက်နိုင်သည့် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် … Read more
-
မိုးကြိုးဘေးကြောင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၃း၁၅)နာရီအချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေး ကျေးရွာလှေဆိပ်အနီး ရပ်နားထားသော ငါးမျှားပိုက်လှေအားမိုးကြိုးပစ်ခဲ့ရာ လှေပေါ်ရှိ မောင်ရဲပိုင်စိုး(၁၇)နှစ်မှာ စက်ကွင်းမိ၍ လည်ပင်းနှင့် ရင်ဘတ်တွင် မီးလောင်ဒဏ်ရာ များရရှိ၍ မြိတ်မြို့ပြည်သူ့ဆေးရုံကြီး၌ တင်ပို့ကုသခံယူနေပါသဖြင့် ဆိုပါဒဏ်ရာရ လူနာအတွက် ဆေးကု သစရိတ် ၅သောင်း အား (၈.၁၂.၂၀၁၈)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #tny_dec2018 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း များဆောင်ရွက်မှုသတင်း
ဒီဇင်ဘာ ၈ ၊ လွိုင်ကော် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ မိမိသဘောဆန္ဒ အလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအနက် ကယားပြည်နယ်တွင် ပြန်လည်အခြေချ နေထိုင်လိုသူများကို ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ထိုင်းနိုင်ငံ ၊ ဘန့်မယ်နန်းဆွယ်စခန်းနှင့် မယ်စူရင်းစခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် မိမိသဘောဆန္ဒအလျောက်နေရပ် ပြန်လည်ဝင်ရောက်လာသူများကို ကယား ပြည်နယ်အတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့်ပြန် … Read more
