
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၃း၁၅)နာရီအချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေး ကျေးရွာလှေဆိပ်အနီး ရပ်နားထားသော ငါးမျှားပိုက်လှေအားမိုးကြိုးပစ်ခဲ့ရာ လှေပေါ်ရှိ မောင်ရဲပိုင်စိုး(၁၇)နှစ်မှာ စက်ကွင်းမိ၍ လည်ပင်းနှင့် ရင်ဘတ်တွင် မီးလောင်ဒဏ်ရာ များရရှိ၍ မြိတ်မြို့ပြည်သူ့ဆေးရုံကြီး၌ တင်ပို့ကုသခံယူနေပါသဖြင့် ဆိုပါဒဏ်ရာရ လူနာအတွက် ဆေးကု သစရိတ် ၅သောင်း အား (၈.၁၂.၂၀၁၈)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#tny_dec2018
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)