Author Archives: Aye Kyimann

  • သဘာဝ‌ဘေးအန္တရာယ် အသိ ပညာ‌ပေး‌ဟော‌ပြောပွဲကျင်‌းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဒါရ်ကာရပ်ကွက်၌ (၁၀-၄-၂၀၁၉)ရက်နေ့တွင် ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေး အန္တရာယ် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေး ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2019 Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲကျင်‌းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မွန်ပြည် နယ်၊ သထုံခရိုင်၊ (၁၀-၄-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန် ထိ စစ်တောင်းကျေးရွာ၊ ကျိုက္ကလွန်ပွန်း ဓမ္မာရုံ၌ လူဦးရေ(၁၅၅)ဦးခန့်အား မြို့နယ် သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင်‌့ ပူး‌ပေါင်‌း၍ သဘာဝ‌ဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်‌းပခဲ့ပြီး လက်ကမ်‌းစာ‌စောင်များ လည်‌းဖြန့်‌ဝေခဲ့ရာ ပြည်သူလူထုများစိတ်ဝင်စား စွာ တက်‌‌ရောက် ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_apr2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဝန်တင်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့် အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဝန်တင်ကျေးရွာ အုပ်စု၊ ဝန်တင် ကျေးရွာ၌ (၈.၄.၂၀၁၉) ရက်နေ့၊ နံနက်(၁ရး၅၀) အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး၊ အမိုးလန် ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၉)လုံးတွင် အိမ်ထောင်စု (၉)စုမှ ကျား (၁၉)ဦး မ(၂၇)ဦး၊ စုစုပေါင်း(၄၆)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၆၉,၉၀၀/-) ကျပ်နှင့် နေအိမ်ပြိုကျခဲ့သော အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါပလပ်စ တစ်ပုံး(၁) … Read more

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကယားပြည်နယ်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျးရွာအုပ်စု၊ ပရယ်တော်ကျေးရွာနှင့် မာခရော်ရှေ့ကျေးရွာ၊ ဒိုးပရယ်အုပ်စု၊ လျားဒူကျေးရွာနှင့် ထီးဒူးလယ်ကျေးရွာများသို့ (၈.၄.၂၀၁၉) ရက်နေ့တွင် ရေဂါလံ(၁၂၅၀) ဆံ့ ရေသယ်ယာဉ်(၂)စီး၊ ရေဂါလံ (၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ရေဂါလံ(၇၅၀)ဆံ့ရေသယ် ယာဉ်(၁)စီး စုစုပေါင်း ရေသယ်ယာဉ်(၄)စီးဖြင့် သောက်သုံးရေများသွား ရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2019 Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၄.၂၀၁၉)ရက်နေ့၌ ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာ အုပ်စုမှ ခိုင်ခံ့မှုအားနည်းပြီး ဆင်းရဲနွမ်းပါးသည့် အဘိုးအဘွားများ နေအိမ်၊ မိသားစုဝင်များပြားပြီး ဆင်းရဲနွမ်းပါးသည့် နေအိမ်များ၊ စုစုပေါင်းနေအိမ် (၃၀) လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ရွေးချယ်ခဲ့ပြီး နေအိမ်များမွမ်းမံ ပြင်ဆင်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ လေပြင်းဘေး အသိပညာပေးဗွီနိုင်းပိုစတာ စိုက်ထူခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar_sgw #ayy_apr2019 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုနှင့် အသိပညာပေး ဗွီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၈.၄.၂၀၁၉)ရက်နေ့နှင့် (၉.၄.၂၀၁၉)ရက်နေ့ တို့၌ သာပေါင်း မြို့နယ်၊   စစ်ပင်ကြီးကျေးရွာ အုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဝင်္ကဘာကျေးရွာတို့မှ ခိုင်ခံ့မှု အားနည်းပြီးဆင်းရဲနွမ်းပါးသည့် အဘိုးအဘွားများ နေအိမ်၊ မိသားစုဝင် များပြားပြီး  ဆင်းရဲနွမ်းပါးသည့် နေအိမ်များ၊ စုစုပေါင်း နေအိမ်(၆၀)လုံးအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစိစစ်ရွေးချယ်ခဲ့ပြီး နေအိမ်များ မွမ်းမံ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ လေပြင်းဘေးအသိပညာပေး … Read more

  • သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉.၄.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီအချိန်၌  သာပေါင်း မြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၇၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source:     သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events