Author Archives: Aye Kyimann
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ရုံးနှင့် ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်တောင်းမြို့နယ် ရပ်ကွက် (၃)ခုနှင့် ကျေးရွာအုပ်စု (၇)စုတွင် (၂.၄.၂၀၁၉)ရက်နေ့ ညနေ(၁၆း၃၀)နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သည့် အမိုးလန်နှင့် တစိတ်တပိုင်းပျက်စီးလူနေအိမ်ခြေ (၁၃၀)လုံးနှင့် ဘာသာရေးအဆောက်အဦ (၂)ခု စုစုပေါင်း (၁၃၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၆၃၈,၀၀၀/-) ကျပ်အား (၈.၄.၂၀၁၉)ရက်နေ့ နေ့လည် (၁၃း၀၀) အချိန် ပန်းတောင်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Dato’ Saifuddin Abdullah ဦးဆောင်သည့် အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မလေးရှားနိုင်ငံက အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအား ၂၀၁၈ ခုနှစ်တွင် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာ နိုင်ငံက ဥက္ကဌအဖြစ်ဆောင်ရွက်သွား မည်ဖြစ်ပြီး သက်ဆိုင်ရာအစည်းအဝေးများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်မည့် အခြေအနေများ၊ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၉)ရက်နေ့ (၁၄း၃၅) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ သာယာစုကျေးရွာ တွင် နေအိမ် (၁) လုံး မီးလာင်ကျွမ်းခဲ့သည့် အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ မီးဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁) အိမ်ထောင်စုစာတို့အား (၈.၄.၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ပြည်သူများလက် ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_fri … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ အုပ်စုနှင့် ဇီးပင်ကျေးရွာ အုပ်စုများတွင် လေပြင်းဘေးကြိုတင်ကာကွယ် ရန်အတွက်နေအိမ်များကို အားဖြည့်ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ရာ (၉-၄-၂၀၁၉) ရက်နေ့၌ ညောင်ဝိုင်းကျေးရွာ အုပ်စု၊ ကျားကျွန်းကျေးရွာ တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မေတ္တာ ပေါင်းကူး ပရဟိတအသင်းအဖွဲ့နှင့်သွားရောက်ပြီး လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို စတင်ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ရွာသာယာအုပ်စု၊ ချောင်းခွအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစုဝင်များပြားသည့် နေအိမ် (၃၀)လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင် မှုဆောင်ရွက်နိုင်ရန်အတွက် (၇.၄.၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စုတစ်ခု ချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေး ညှိနှိုင်းခြင်း၊ နေအိမ်များအား ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၄-၄-၂၀၁၉)ရက်နေ့ (၁၆း၃၀)နာရီအချိန်တွင် လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာအုပ်စု ရွှေဂွန်း ကျေးရွာရှိ ရပ်ကွက်(၅)ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ သွပ်မိုး/ပျဉ်ထောင်၊ ပျဉ်ခင်း တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၇)လုံး၊ အိမ်ထောင်စု(၁၇)စု လူဦးရေ(၉၀)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၂၂,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၁၈၉,၀၀၀/-)ကျပ်၊ စုစုပေါင်းကျပ် (၁,၆၁၁,၀၀၀/-)ကျပ် တို့ကို (၅-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #krn_apr2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေး ရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၌ (၄.၄.၂၀၁၉)ရက်နေ့ဖြစ်ပွားသော မီးဘေးမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာအတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်တို့ အား (၅.၄.၂၀၁၉)ရက်နေ့တွင် ဆားလင်းကြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအလယ်ပိုင်းရှိ အိမ်ခြေ(၁၁၅)၊ အိမ်ထောင်စု (၁၂၃) လူဦးရေ (၆၅၀)ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၅.၄.၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း (၂-၄-၂၀၁၉)ရက်နေ့ လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၁၅)လုံးအတွက် ဖောင်းပြင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကယ်ဆယ်ရေး ပစ္စည်း(၅)မျိုး (၁၅)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀,၀၀၀/-) ကျပ်တိတိတို့အား (၅-၄-၂၀၁၉)ရက်နေ့(၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၄-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကဝမြို့ လမ်းဆုံ၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_str #ayy_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
