လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၄.၂၀၁၉)ရက်နေ့ တွင် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ နှင့်အတူ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုကျေးရွာနှင့် ဒေါတဝိကျေးရွာ၊ ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စု၊ ဒေါတကလဲကျေးရွာ၊ ထီးဗျားညေးကျေးရွာနှင့် ဒေါဗျားကူးကျေးရွာ စုစုပေါင်းကျေးရွာ(၅)ရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၃)စီး၊ ဂါလံ(၂၈၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးစုစုပေါင်း ရေသယ်ယာဉ် (၅)စီးဖြင့် သောက်သုံးရေသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#kyh_apr2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)