
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ (၇)မိုင်ကျေးရွာအုပ်စု၊ လွင်ဦးကျေးရွာတွင် (၈-၄-၂၀၁၉)ရက်(၂၁း၁၅) နာရီအချိန်၌ အိမ်ရှင်ဒေါ်ပြုံးရီ(၄၇)နှစ်၊ (ဘ)ဦးချစ်မောင်၏ နေအိမ်တွင်အိမ်နောက်ရှိ မီးဖိုချောင်တွင် ထင်းမီးဖြင့်ခေါက်ဆွဲပြုတ်စားပြီး မီးကြွင်း မီးကျန်များသေချာငြိမ်းသတ် မှုမရှိခြင်းကြောင့် ဝါးကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု နှင့် လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး (၆,၃၀၀/-)ကျပ်နှင့်အိမ်ဆောက်ပစ္စည်း ဖိုး(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀/-) ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့တွင် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_apr2019
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)