စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

18_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးသည် လွှတ်တော်အမတ်၊ မီးသတ်တိုင်းဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၆-၄-၂၀၁၉) ရက်နေ့ (၀၀:၂၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ဆင်ဖြူတော် အထည်ဆိုင်တွင် မီးမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့သဖြင့် အဆိုပါမီးလောင်မှုအား ငြိမ်းသတ်ရာတွင် မုံရွာခရိုင် မီးသတ်ဦးမှူးအပါ အဝင် မီးတပ်သား(၂)ဦး စုစုပေါင်း (၃)ဦး အောက်စီဂျင်ပြတ်၍ မုံရွာပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေပါ သဖြင့် အဆိုပါ (၃)ဦးအား (၁)ဦးလျှင် (၅၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကို (၁၇-၄-၂၀၁၉)ရက်နေ့တွင် မုံရွာဆေးရုံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_fir
#sgg_apr2019
Source:    စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events