မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

15_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် (၁၃-၄-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၃၂)လုံး၊ အိမ်ထောင်စု (၃၂)စု မီးဘေးသင့်ခဲ့ရာ အိမ်ခြေ (၃၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ လူဦးရေ(၁၁၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၂၄၁,၅၀၀/-)ကျပ်တို့အား (၁၃-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#mgy_apr2019
Source:    မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events