Author Archives: Aye Kyimann
-
မကွေးမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဖိုဝေးကျေးရွာနှင့် ဆူးပြစ်စမ်းကျေးရွာတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ပြိုကျအိမ်ခြေ (၁)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၈၄၅,၀၀၀/-)ကျပ် လူဦးရေ (၁၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၉၇,၀၀၀ )ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး … Read more
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နေရပ်ပြန်ပြည်သူများအတွက် ခရီးစရိတ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ခန္တီးအကျဉ်းထောင်မှ မိမိနေရပ်ပြန် အကျဉ်းသား (၁၉၄)ဦးအား ခရီးစရိတ်ထောက်ပံ့ငွေ (၁၂)သိန်းကျပ် (၁၈-၄-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_apr2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးသည် လွှတ်တော်အမတ်၊ မီးသတ်တိုင်းဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၆-၄-၂၀၁၉) ရက်နေ့ (၀၀:၂၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ဆင်ဖြူတော် အထည်ဆိုင်တွင် မီးမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့သဖြင့် အဆိုပါမီးလောင်မှုအား ငြိမ်းသတ်ရာတွင် မုံရွာခရိုင် မီးသတ်ဦးမှူးအပါ အဝင် မီးတပ်သား(၂)ဦး စုစုပေါင်း (၃)ဦး အောက်စီဂျင်ပြတ်၍ မုံရွာပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေပါ သဖြင့် အဆိုပါ (၃)ဦးအား … Read more
-
မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၁၉)
မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၁၉) ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်ပါအတိုင်းထုတ်ပြန်ကြေညာထားပါသည်။
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၄.၂၀၁၉)ရက်နေ့ တွင် ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ နှင့်အတူ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ယူဆမိုဆိုကျေးရွာနှင့် ဒေါတဝိကျေးရွာ၊ ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ အုပ်စု၊ ဒေါတကလဲကျေးရွာ၊ ထီးဗျားညေးကျေးရွာနှင့် ဒေါဗျားကူးကျေးရွာ စုစုပေါင်းကျေးရွာ(၅)ရွာသို့ ဂါလံ(၁၂၅၀)ဆံ့ ရေသယ်ယာဉ် (၃)စီး၊ ဂါလံ(၂၈၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးစုစုပေါင်း ရေသယ်ယာဉ် (၅)စီးဖြင့် သောက်သုံးရေသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးမြို့နယ်၊ ကြို့ပင်အင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြို့ပင်အင်းကျေးရွာတွင် (၁၃-၄-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၃၂)လုံး၊ အိမ်ထောင်စု (၃၂)စု မီးဘေးသင့်ခဲ့ရာ အိမ်ခြေ (၃၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ လူဦးရေ(၁၁၅)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၂၄၁,၅၀၀/-)ကျပ်တို့အား (၁၃-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးကျေးရွာ၌ ဖြစ်ပွားသော မီးလောင်မှုကြောင့် နေအိမ်(၁)လုံး ပျက်ဆီးခဲ့ပါသဖြင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ဆန်ရိက္ခာဖိုး (၂,၁၀၀/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်တို့ အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၅း၀၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_apr2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ကုန်းမနကျေးရွာနှင့်ဟဲပုကျေးရွာတွင် (၂၇-၃-၂၀၁၉)ရက်နေ့(၁၉း၄၅) နာရီအချိန်၌ မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၇)လုံး၊ လူဦးရေ (၃၅)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၈၉၄၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၇၃၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၆၂၉၀၀/-)ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် မိုးညှင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ (၇)မိုင်ကျေးရွာအုပ်စု၊ လွင်ဦးကျေးရွာတွင် (၈-၄-၂၀၁၉)ရက်(၂၁း၁၅) နာရီအချိန်၌ အိမ်ရှင်ဒေါ်ပြုံးရီ(၄၇)နှစ်၊ (ဘ)ဦးချစ်မောင်၏ နေအိမ်တွင်အိမ်နောက်ရှိ မီးဖိုချောင်တွင် ထင်းမီးဖြင့်ခေါက်ဆွဲပြုတ်စားပြီး မီးကြွင်း မီးကျန်များသေချာငြိမ်းသတ် မှုမရှိခြင်းကြောင့် ဝါးကြမ်းခင်းသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု နှင့် လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး(၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာဖိုး (၆,၃၀၀/-)ကျပ်နှင့်အိမ်ဆောက်ပစ္စည်း ဖိုး(၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၆,၃၀၀/-) ကျပ်တို့အား (၁၂-၄-၂၀၁၉)ရက်နေ့တွင် မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးမှတဆင့် လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ မအူပင်ရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၁၉) ရက်နေ့၌ မအူပင်မြို့နယ်၊ ဗျင်းဘွဲ့ကျေးရွာအုပ်စု၊ ဗျင်းဘွဲ့ကျေးရွာနှင့် အစွန်ကျေးရွာတို့၌ လေပြင်းဒဏ်ခံနိုင်ရည် အားနည်းသည့် နေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးရပ်မိရပ်ဖများ ကျေးရွာရှိ စေတနာ့ ဝန်ထမ်းလူငယ်များနှင့် ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
