Author Archives: Aye Kyimann
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း သဘာ ဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင် ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဇွန် ၂၊ ဟင်္သာတ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SEEDS Asia တို့ပူးပေါင်း ဆောင်ရွက်သော “ဟင်္သောတမြို့နယ် အတွင်းရှိ ရပ်ရွာလူထုနှင့် ပူးပေါင်း၍ ကျောင်းတွင်းဘေးအန္တရာယ်ကင်းရှင်းရေးအား တိုးမြှင့်ဆောင်ရွက်ခြင်း” စီမံကိန်းအရ ဆောက်လုပ်ပြီးစီးခဲ့သော ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာ သဘာဝဘေးဒဏ်ခံ၊ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အတွင်းရှိ ကျေးရွာချင်းဆက်ကုန်ထုတ် ရမ်းတိုလာတံတားဖွင့်လှစ်ခြင်းနှင့် ညောင်လေးပင်မြို့နယ် ကလေးသူငယ် ပြုစုစောင့်ရှောက်သူများ၊ မိဘများ၊အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်း များနှင့်တွေဆုံပွဲကျင်းပမှုသတင်း
ဇွန် ၂ ၊ ညောင်လေးပင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ရမ်းတိုလာကျေးရွာ ချင်းဆက် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော်ကိုယ်စား လှယ်တို့က ဖွင့်လှစ်ခဲ့ပါ သည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လူမှုဝန်ထမ်းကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်-သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ဝါးတောင်ကွင်းရပ်တွင် (၂၈.၅.၂၀၁၉)ရက်နေ့၌ မီးဘေးလုံးဝ ပျက်စီးတဲအိမ်တစ်လုံး/အိမ်ထောင်စု(၁)လူဦး ရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး လူဦးရေ (၃)ဦး အတွက် တစ်ပတ်စာ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့အား (၃၁.၅.၂၀၁၉) ရက်နေ့တွင် လင်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ လင်းသာရပ်ကွက်အုပ်ချုပ်ရေးရမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_jun2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၅.၂၀၁၉)ရက်နေ့၌ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သာဓုကန်ကျေးရွာအုပ်စု၊ ဆားဂွန်းကျေးရွာတွင် ဖြစ်ပွားသော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)၊ ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၅၀,၀၀၀)ကျပ်တို့အား (၁.၆.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော စလင်းမြို့နယ်၊ ကျေးရွာ (၂၅) ရွာတို့တွင် အမိုးလန် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် (၂၀၀၀၀၀/-)ကျပ်၊ ဘုရားတန်ဆောင်း (၁)လုံးအတွက် (၅၀,၀၀၀/-)ကျပ် ပြိုကျအိမ်ခြေ(၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁,၃၀၀,၀၀၀/-) အမိုးလန်အိမ်ခြေ (၁၂၄)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ( ၃,၇၂၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁,၁၆၇,၆၀၀/-) ကျပ် … Read more
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၄.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ် မှုကြောင့် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ထနောင်းဝင်း ကျေးရွာအုပ်စု၊ အလံုံကြီးကျေးရွာ၊ ထနောင်းဝင်းကျေးရွာ၊ သမင်ချောက်ကျေးရွာအုပ်စု၊ သမင်ချောက်ကျေးရွာ၊ မြန်အောင်ကျေးရွာ များတွင် လေဘေးသင့် (ထပ်တိုး) ပြိုကျဘုန်းကြီးကျောင်း(၁)ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၄)လုံး၊ အမိုးလန်အိမ်ခြေ(၂၈)လုံး၊ အိမ်ထောင်စု (၃၂)စု၊ ဘေးသင့်လူဦးရေ(၁၇၉)ဦး ဘေးသင့်ခဲ့ရာ ကျောင်း/ အိမ်ဆောက် ပစ္စည်ဖိုး (၁,၀၆၀,၀၀၀/−)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုး (၃၇၅,၉၀၀/−) ကျပ်၊ စုစုပေါင်း (၁,၄၃၅,၉၀၀/-)ကျပ် … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ တဂေါင်း ဘုရားလမ်း တွင် (၁၈-၄-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ (၆၄၇၀၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၄,၇၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၄,၇၀ဝ/-)ကျပ်အား (၂၂-၄-၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉)ရက်နေ့ (၁၀း၄၅)အချိန် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုးစဉ်ကျေးရွာတွင် သောက်သုံးရေအခက် အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၃၅)အိမ်၊ လူဦးရေ(၁၇၀)ဦးအတွက် ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ရေဂါလံ (၈၀၀)၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလံ (၁၂၀၀)၊ စုစုပေါင်းသောက်သုံးရေဂါလံ (၂၀၀၀)တို့အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ စမ်းလယ်ကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာတွင် (၂၀.၄.၂၀၁၉)ရက်နေ့ တွင် လေပြင်း တိုက်ခတ် မှုကြောင့် နေအိမ်(၁)လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေစုစုပေါင်း(၃)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့် လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၃၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁)အိမ်ထောင်စာတို့အား (၂၂.၄.၂၀၁၉) ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၄.၂၀၁၉)ရက်နေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဘီတွက်ကျေးရွာအုပ်စု၊ ကြိမ်ချောင်း ကျေးရွာမှ ကျေးရွာနေပြည်သူ(၁၂၀)ဦးခန့်တို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဘေးရှစ်မျိုး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
