လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၆.၂၀၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အမှတ်(၁)ရပ်ကွက် ယမုံနာလမ်း၌ ဖြစ်ပွားသည့် မီးဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀/-)ကျပ် အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ် (၈,၄၀၀/-)၊ (၃၂,၃၅၃/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)စုစာနှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀/-) ကျပ်တို့အား (၁၁.၆.၂၀၁၉)နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ဘေးသင့်သူများထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#tny_jun2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)