လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ် တွင် သီတင်းသုံးနေထိုင်သော အရှင်သံဃာတော်များ၊ သီလရှင်များနှင့် တောတွင်းတိရစ္ဆာန်များအတွက် သောက်သုံးရေ ဂါလံ(၂၈၀၀)ဆံ့ (၂)စီးကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အား တောင်ခြေတွင်ထားရှိပြီး သောက်သုံးရေ(၅)ဂါလံဆန့်ပုံး များအား ကားငယ်များပေါ် တင်ဆောင်၍ ပို့ဆောင်ဖြန့်ဝေခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် မြသဇင် စက်သုံးဆီဆိုင်(ရေစကြို)ရေတိုင်မှ ရေကားသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရေစကြို)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရေစကြိုမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၊ သာသနာ့အောင်မြေ ဆွမ်းလောင်း အသင်း(ပခုက္ကူ)၊ မေတ္တာရှင်လူမှုကူညီရေးအသင်း (ပခုက္ကူ)၊U-17 အားကစားသမားများ(ရေစကြို)၊ မေတ္တာအလင်းရောင် ပရဟိတအသင်းတို့မှ သောက်သုံးရေလှူဒါန်းခြင်းတွင် ဝိုင်းဝန်း ပူးပေါင်းပြီး ရှင်မတောင်တောင်ပေါ်အရောက် သောက်သုံးရေများအား ပို့ဆောင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_jun2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)