Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၉)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာ၊ ရွာလယ်ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူရွာသား (၆၀)ဦးအား သဘာဝဘေးလျော့ပါးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် DAN Mobile Application အသုံးပြုပုံ နည်းလမ်းများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာနှင့် မငေးလေးကျေးရွာတို့တွင် ကျေးရွာ ပြည်သူများ၊ ပရဟိတအဖွဲ့ဝင်များအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်းပေးခဲ့ရာ လူဦးရေ (၅၀) ဦးခန့် စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြပါသည်။ ထို့ပြင် DAN Mobile Application ကြော်ငြာ စာစောင်များကို လူစည်ကားရာနေရာများ၌ ကပ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 … Read more

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အလက(၄)၌ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်းများဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source:       ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တမူးခရိုင်၊ တမူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၂၄-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံး ပစ္စည်းများဖြည့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၂၄-၆-၂၀၁၉) ရက်နေ့မှ … Read more

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒဏ်ရာလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၂.၆.၂၀၁၉)ရက်၊ နံနက် (၀၈:၀၀)နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဒုံးဗူးကျေးရွာနေ ဦးထွန်းမောင် အသက် (၄၆)နှစ်သည် ရွာအနီး (၂)ဖာလုံခန့်အကွာရှိ ဒညင်းခင်းသို့ သွားရောက်ရာလမ်းတွင် မိုင်းနင်းသဖြင့် ညာခြေအောက်ပိုင်းပြတ်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသလျက်ရှိပါသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံငွေ (၅၀,၀၀၀/-)ကျပ်ကို (၂၃.၆.၂၀၁၉) ရက်နေ့တွင် လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source:   ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် DAN Mobile Application အသုံးပြုပုံ နည်းလမ်းများပြန်လည်ဖြန့်ဝေပေးမှုသတင်း

    (၂၃.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်အထိ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူး ရုံးတို့မှ အရာထမ်း၊ အမှုထမ်းအင်အား (၂၅)ဦးတို့ဖြင့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ပြည်သူများထံ ကြိုတင်သတိပေးချက်များ အချိန်နှင့်တပြေးညီပေးပို့နိုင်ရေးနှင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်ထုတ်လုပ်ထားသည့်  DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source:       မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)    

  • ကသာခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန          ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလည်ကျွန်းကျေးရွာတွင် (၁၈-၆-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်နှင့် လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-)ကျပ်တို့အား (၂၀-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_jun2019 Source:  ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ========================================== (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ ဆက်လက်တည်ရှိနေပါသည်။ “

  • ဗန်းမော်ခရိုင်ဦးစီးမှူးမှ သေဆုံးသူနှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၁၉)ရက်နေ့၌ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ၊ KBC IDP Camp တွင် နေထိုင်သူ(၂)ဦးတို့မိုင်း ထိမှန်ခဲ့ပြီး သေဆုံးသူတစ်ဦးလျှင်(၃၀၀,၀၀၀/-)ကျပ်နှုန်းဖြင့်(၃၀၀,၀၀၀/-)ကျပ်နှင့် ဒဏ်ရာရသူတစ်ဦးလျှင် (၅၀,၀၀၀/-)နှုန်းဖြင့် (၅၀,၀၀၀/-) စုစုပေါင်း (၂)ဦးအတွက် (၃၅၀,၀၀၀/-)ကျပ်တို့ကို (၂၁-၆-၂၀၁၉)ရက်နေ့၊ နေ့လည်(၁း၃၀)နာရီအချိန်၌ မံစီမြို့၊ အထွေထွေအုပ်ချူပ်ရေးဦးစီး ဌာနတွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_jun2019 Source:  ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events