Author Archives: Aye Kyimann

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ  တာဝန်ရှိသည် (၁၇-၆-၂၀၁၉)ရက်နေ့၊ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀) နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ပိန်းမုံရွာတွင် အင်အား (၁၂၀)ဦးခန့်(ကျောင်းသားသူအပါဝင်) သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #shn_jun2019 Source:   မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၆-၂၀၁၉)ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် မင်းလှမြို့နယ်၊ ကြို့ကုန်း(၁)ကျေးရွာအုပ်စု၊ ရွာသာယာ ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၆)လုံးရှိ ဘေးသင့်လူဦးရေ (၂၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀,၄၀၀/-)ကျပ်တိတိကို (၁၇-၆-၂၀၁၉)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ (၁၇-၆-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၁၉)” ဖွင့်ပွဲအခမ်းအနားအား (၁၇.၆.၂၀၁၉)ရက်နေ့ (၀၈း၃၀)နာရီအချိန်၌ အ.ထ.က(၅)၌ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဒေါက်တာ လှမြတ်သွေးမှ အဖွင့်အမှာစကားပြောကြားခဲ့၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးသန်းစိုး-၂ (လက်ထောက်ညွှန်ကြားရေးမှူး)မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူ၊ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၅ဝ)ဦးဖြင့် (၁၇.၆.၂၀၁၉)ရက်နေ့မှ (၂၁.၆.၂၀၁၉)ရက်နေ့အထိ သင်တန်းကာလ(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဧရာဝတီတိုင်းဒေသကြီးအတွင်း လူမှုကာကွယ်စောင့်ရောက်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ဇွန်၊ ၁၆၊ ပုသိမ် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပေး ခြင်းနှင့် ရှေးဦးအရွယ်ကလေးများ အတွက် မိခင်ဝိုင်းများဖွင့်လှစ်နိုင်ရန်ထောက်ပံ့ခြင်းများကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆောင်ရွက်ပေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်ဘိုးဘွားများ၊ မသန်စွမ်းသူများ၊ … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၉)နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာ ပြည်သူလူထုစုစုပေါင်း (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source:  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ   တိုင်းဦးစီးမှူးဦးဆောင်၍ (၁၆-၆-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၂) နာရီမှ (၁၄:၄၅) အချိန်ထိ CAE ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ ကျောင်းသား/သူ (၃၅၀) ဦးတက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မီးသတ်ဦးစီဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_eqk #simex_eqk #npw_jun2019 Source:   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၉) ရက်နေ့ နံနက် (၉း၀၀)နာရီမှ (၁၁း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းအုပ်စု မိုင်(၃၀)ရွာတွင် ပြည်သူလူထုစုစုပေါင်း (၆၀)ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး ရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရ မည့် အနေအထားများအား လက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source:  မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉)ရက်နေ့၊(၄.၆.၂၀၁၉)ရက်နေ့နှင့် (၁၁.၆.၂၀၁၉)ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်နှင့် အဖျောက်မြို့အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ချင်းကုန်းကျေးရွာအုပ်စု၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကလော့သော့ကျေးရွာအုပ်စု၊ ပနီပင်ကျေးရွာအုပ်စု၊ ကျုံတကင်းကျေးရွာအုပ်စုများရှိ နေအိမ်များမှ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့၍ နေအိမ် (၁၃)လုံး အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၆၆၀,၀၀၀/-) နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ငွေကျပ်(၁၃၂,၃၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၉၂,၃၀၀/-)တို့ကို (၁၄.၆.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏လက်ဝယ်သို့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့်အတူ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • သထုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ (၁၄း၄၅)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ အကွက်(၅)၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဦးအောင်မြင့်၊ အသက်(၆၀)နှစ်၊ (ဘ)ဦးမောင်အေး၏ သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ခင်း နေအိမ်၊ အမိုးသွပ် (၄၂)ချပ် လွှင့်စင်ပျက်စီးခဲ့မှု ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ (၃၃၆,၀၀၀/-)ခန့် ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်း … Read more

  • သထုံခရိုင်ဦးစီးမှူးရုံးမှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၆.၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီမှ (၁၁း၃၀)နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာ (ဘုန်းကြီး ကျောင်း)တွင် ပြည်သူလူထုအင်အား စုစုပေါင်း(၁၀၀)ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခြင်းနှင့် နံရံကပ်ပိုစတာများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source:  သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events