Author Archives: Aye Kyimann

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၅)ခု တောင်ရင်းတန်း ရပ်ကွက်၊အရှေ့မြောက်ရပ်ကွက်၊ ချောင်းဝရပ်ကွက်၊ မှန်နီပြင်ကျေးရွာ နှင့်အောက်ကျောင်းတောင်ကျေးရွာ ရှိတိုက်ပွဲရှောင် အိမ်ထောင်စု (၁၁၁၂) စု၊ လူဦးရေ (၄၄၀၈) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၁၃၇၇) အိတ် (၁၂) ပြည်တို့ကို (၁၇.၁၁.၂၀၁၉) ရက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲ ရှောင်ပြည်သူများအတွက်  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ ကြေးတိုင်စု(၁) လမ်းတွင်(၁၆-၁၁-၂၀၁၉)ရက်နေ့ (၀၇:၅၀)နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၄)ခန်းတွဲ (၂) ထပ်နှင့် ဘေးကပ်လျက် နေအိမ် (၂)လုံးတို့မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၄)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၆,၀၀,၀၀ဝ/-)၊ အိမ်ထောင်စု(၅)စု မှ လူဦးရေ (၂၄) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၅၀,၄၀ဝ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၅)အိမ်ထောင်စုစာတို့ကို … Read more

  • ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၆.၁၁.၂၀၁၉) ရက်နေ့တွင်  ရသေ့တောင်မြို့၊ ငတောက်တူချေကျေးရွာနေ ဒေါ်အေးသိန်းလှိုင်၊ အသက် (၃၃)နှစ် လက်မောင်းကျည်ထိမှန် ဒဏ်ရာရအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်တို့ကို ဒဏ်ရာရလူနာ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_nov2019 Source:    ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ရှိ အမှတ်(၁) ဘိုးဘွားရိပ်သာသို့ သွားရောက်လေ့လာမှုသတင်း

    နိုဝင်ဘာလ ၁၆၊ နေပြည်တော်          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ် တတိယနေ့အဖြစ် (၁၅.၁၁.၂၀၁၉)ရက်နေ့တွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ အမှတ်(၁)ဘိုးဘွားရိပ်သာသို့ သွားရောက်လေ့လာခဲ့ရာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Qinhao Zhu နှင့် တာဝန်ရှိသူများက လက်ခံ တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာနမှ … Read more

  • မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    နိုဝင်ဘာ ၁၆ ၊ မကွေး   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း နှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ဆရာမကြီး ဒေါ်ခင်ခင်ဝင်း ဦးစီးသော ကြယ်စင်ကောင်းကင်နေ့ရင်ခွင် ကိုယ့်အားကိုယ်ကိုး စေတနာမူကြိုကျောင်းသို့သွားရောက်ခဲ့ကြပြီး ကျောင်း၏ ကော်မတီအဖွဲ့ဝင်များ၊ ကလေးငယ်များ၏ မိဘများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၁၆-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်း ကျေးရွာအုပ်စု ရေပူစမ်းကျေးရွာ၌ ရွာသူရွာသား (၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး ပြောဟောခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source:   မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ မဲခေါင်းကျေးရွာအုပ်စု၊ ခြောက်လုံးပြူးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ /သား စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2019 Source:   ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေး အသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ စက်ကုန်း ပိုင်းရပ်ကွက်၊ အနောမာရုံကွင်းကျောင်းဓမ္မာရုံတွင် (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များ ဝေဌခြင်းတို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သား (၁၅၀)ဦးတို့တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #bgo_nov2019 Source:   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေး အသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၉) ရက်နေ့ (၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီထိ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ရာ ဆရာမနှင့် ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source:   မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉)ရက်နေ့၌ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့သည် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြပါသည်။ ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၁) စု၊ လူဦးရေ(၄)ဦးအတွက် (၇) ရက်စာ ဆန်ဖိုးရိက္ခာငွေ(၈၄၀၀/-) ကျပ်နှင့် ပြောင်းရွေ့စရိတ် (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-) ကျပ်တို့ကို (၁၅-၁၁-၂၀၁၉)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ့များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_nov2019   Source:  ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events