Author Archives: Aye Kyimann

  • အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၄-၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀းဝ၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသူ၊ ကျောင်းသားများ၊ စုစုပေါင်းအင်အား (၁၃၅) ဦးအား သဘာ၀ဘေးနှင့် စပ်လျဉ်း၍အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ရာသီဥတုပြောင်းလဲခြင်းနှင့် ၄င်း၏သက်ရောက်မှုများကြောင့် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ သဘာ၀ဘေး အန္တရာယ်များအကြောင်း ဘေးအန္တရာယ်မဖြစ်ပွားမီဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီး နောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက်ဘေးကျရောက်လာပါက တုန့်ပြန် ဆောင်ရွက်သည့်အနေအထားများကို ပြသခြင်း၊ ဂိမ်းများကစားခြင်းဖြင့် … Read more

  • ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာအုပ်စု၊ အာပြောင်ကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရရှိသူ (၂)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်ကို (၂၄-၁-၂၀၂၀) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ ထောက်ပံ့‌‌ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_jan2020 Source:  ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁.၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီ အချိန်မှ (၁၅:၀၀)နာရီအချိန်အထိ ဆိပ်ဖြူမြို့နယ် ဒေါသာ ကျေးရွာအုပ်စု၊ ဒေါသာ ကျေးရွာအထက(ခွဲ)ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက် များ၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသသည်။ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၄း၀၀)နာရီမှ (၁၅း၃၀) နာရီအထိ ဝေါမြို့နယ်၊ ဝိုင်းပါတ်ကျေးရွာအုပ်စု၊ အထက်ဝိုင်းပါတ် ကျေးရွာ၊ အောက်ဝိုင်းပါတ်ကျေးရွာ၊ကျွန်းစုကျေးရွာအပါ ရွာ (၃) ရွာ၏ အထက်ဝိုင်းပါတ်ဘုန်း တော်ကြီးကျောင်းဓမ္မာရုံတွင်     ဝေါမြို့နယ့်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိရပ်ဖများကျေးရွာများအတွင်းရှိ ပြည်သူများ/ စုစုပေါင်း တက်ရောက်လာသူ (၃၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင် ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မီးဘေးဗီနိုင်း … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ (၁၁၀၀)နာရီမှ(၁၂း၃၀)နာရီအထိ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဝေါမြို့နယ့်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ရပ်မိ ရပ်ဖများကျေးရွာအတွင်းရှိပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးမီးဘေးဗီနိုင်း(မီးဘေး၊ ရေဘေး၊ လေဘေးနှင့် ငလျင်ဘေးပိုစတာများ)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ပြီး လက်ကမ်းစာစောင်များ၊ မုန့့်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jan2020 … Read more

  • သေဆုံးသူများနှင့်ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ကင်းတောင်ကျေးရွာနေ၌ သေဆုံးသူ (၂) ဦးအတွက် (၁)ဦးလျှင် (၃၀၀၀၀၀/-)ကျပ်နှုန်းဖြင့် (၆၀၀၀၀၀/) ကျပ်နှင့် ဒဏ်ရာရရှိသူ(၇)ဦးအတွက် (၁)ဦးလျှင်(၅၀၀၀၀/-)ကျပ်နှုန်းဖြင့် (၃၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၀၀၀၀/-)ကျပ်တို့ကို (၂၅-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_jan2020 Source:  ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအစည်အဝေး ကျင်းပမှုသတင်း

    ဇန်နဝါရီ ၂၄၊ နေပြည်တော် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးသည် မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အခွင့်အရေးများကို ဖော်ထုတ်တောင်းဆိုရာတွင်လည်းကောင်း ဥပဒေနှင့်အညီဖြစ်ရန်လိုအပ်သည့်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာတည်တံ့ခိုင်မြဲရေး အချက်(၃)ချက်ကိုလည်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၄:၃၀)နာရီအထိ ရွှေဘိုမြို့၊ အ.လ.က(၁) အ‌ခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ သူ(၅၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဆွေးနွေးဟော‌ပြော ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jan2020 Source:  ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးနှင့် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဆောင်ရွက်သော ” ကြက်ခြေနီလှုပ်ရှားမှုနှင့် သဘာဝဘေးအန္တရာယ်များ အကြောင်း သိကောင်းစရာဟောပြောပွဲ ” ကို (၂၁.၁.၂၀၂၀) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အင်းကလေးကျေးရွာအခြေခံပညာ အလယ်တန်းကျောင်း၌ ကျောင်းသား/သူ(၂၀၀)ခန့်အား သဘာဝဘေးနှင့်ပတ်သတ်ပြီး အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jan2020 Source:  သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events