လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၂၀) ရက်နေ့ နေ့လည် (၁၃:၀၀) နာရီမှ (၁၄:၃၀)နာရီအထိ ရွှေဘိုမြို့၊ အ.လ.က(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား/ သူ(၅၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြော ခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)