လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီအစည်အဝေး ကျင်းပမှုသတင်း

25_Pic_02

ဇန်နဝါရီ ၂၄၊ နေပြည်တော်

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးသည် မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ အခွင့်အရေးများကို ဖော်ဆောင်ရာတွင်လည်းကောင်း၊ အခွင့်အရေးများကို ဖော်ထုတ်တောင်းဆိုရာတွင်လည်းကောင်း ဥပဒေနှင့်အညီဖြစ်ရန်လိုအပ်သည့်အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာတည်တံ့ခိုင်မြဲရေး အချက်(၃)ချက်ကိုလည်း မထိခိုက်စေရန် လိုအပ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီး ဖြစ်ရာ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်၍ အခန်း(၁၇)တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်နစ်နာသော ကလေးသူငယ်များ၏ အခွင့်အရေး များကို အလေးဂရုပြုရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖြည့်ဆည်းပေးရေးတို့ ဆောင်ရွက်ပေးရန် ပါဝင်ကြောင်း၊ ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများ မရှိစေရေး၊ ကာကွယ်တားဆီးရေးသည် ကလေးသူငယ်များ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု တစ်ရပ်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ဖော်ဆောင် ရာတွင် လိုအပ်သောကဏ္ဍများ၌ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရာတွင်  ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအနေဖြင့် United Nation Country Task Force on Monitoring and Reporting (UNCTFMR) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးမှုများက ရရှိလာသော အကြံပြုချက်များကို ပြန်လည် ညှိနှိုင်းပြီး လုပ်ငန်းကော်မတီကရေးဆွဲထားသည့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်တစ်ခု ပေါ်ပေါက်လာ ပြီဖြစ်ကြောင်း၊ ယနေ့ အဆိုပါလုပ်ငန်းစီမံချက်အပေါ် ဆွေးနွေးအတည်ပြုပေးကြရန်နှင့် မိမိတို့ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် UNCTFMR နှင့်ပူးပေါင်းဆောင်ရွက်ရမည့် အချက်ပါရှိသော ကြောင့်  လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် ကော်မတီအနေဖြင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ အဓိက ရည်ရွယ်ချက်သည်  ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လက်နက်ကိုင်ပဋိပက္ခများအတွင်း  ကလေးသူငယ်များအား သေကြေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုတို့မှ ကာကွယ်တားဆီးရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် United Nation Country Task Force on Monitoring and Reporting (UNCTFMR)တို့က ပေးပို့ထားသော သဘောထားများ၊ အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား သေကြေထိခိုက်ဒဏ်ရာရရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုတို့မှ ကာကွယ်တားဆီးရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် ဆွေးနွေးအတည်ပြုပေးခြင်း၊ ကော်မတီအနေဖြင့် UNCTFMR အဖွဲ့နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည့်ကိစ္စများကို ညှိနှိုင်းခြင်းနှင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_jan2020

 Source:  MSWRR

Sign Up

Upcoming Events