လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စု၊ ကင်းတောင်ကျေးရွာနေ၌ သေဆုံးသူ (၂) ဦးအတွက် (၁)ဦးလျှင် (၃၀၀၀၀၀/-)ကျပ်နှုန်းဖြင့် (၆၀၀၀၀၀/) ကျပ်နှင့် ဒဏ်ရာရရှိသူ(၇)ဦးအတွက် (၁)ဦးလျှင်(၅၀၀၀၀/-)ကျပ်နှုန်းဖြင့် (၃၅၀၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၅၀၀၀၀/-)ကျပ်တို့ကို (၂၅-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)