Author Archives: Aye Kyimann
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် မိုးကြိုးဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့် ဒဏ်ရာရလူနာအတွက် ထောက်ပံငွေ(၅၀၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံငွေ (၃၅၀၀၀ဝ/-)ကျပ်ကို (၃၀-၇-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်နှင့် ဒဏ်ရာရရှိသူမိသားစုဝင်များလက်ဝယ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jul2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်းမြို့မအုပ်စု (ညောင်ရမ်းမြို့မ၊ ပြည်တော်သာ၊ အောင်မင်္ဂလာ၊ လက်ထပ်ကုန်း၊ မြို့မတောင်စု၊ ကွမ်းခြံ(အလယ်ပိုင်း)၊ ကွမ်းခြံ (မြောက်)) ညောင်ရမ်း(စျေး)အုပ်စု၊ ရေအိုးစင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောင်းကြီးရပ်ကွက်၊ မင်္ဂလာ ရပ်ကွက်၊ ဥယျာဉ်၊ တံတားဦး၊ စျေးရွာ၊ နတ်အင်း၊ ပျော့ကုန်း၊ မိုးညှင်း၊ စျေးတန်း၊ ကွမ်းခြံ(တ)ကေျးရွာများသို့ Covid-19 နှင့်စပ်လျဉ်း၍ သိရှိနလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးမှုကြုံ တွေ့နေသော မြိုင်မြို့နယ်၊ နှင်းဆီကန်ကျေးရွာအုပ်စု၊ နှင်းဆီကန် ကျေးရွာမှ အိမ်ခြေ(၂၅ဝ)၊ အိမ်ထောင်စု(၂၅၀)၊ လူဦးရေ(၁၃၅၀)ဦးအတွက် သောက်သုံးရေဂါလံ(၄ဝဝဝ)အား (၃ဝ-၇-၂ဝ၂ဝ)ရက်နေ့ (၁၀:၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jul2020 Source: Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာမှ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ခဲ့ကြသော လူနေအိမ်(၂၅)လုံး အိမ်ထောင်စု(၂၅)စု၊ ကျား(၃၄)ဦး၊ မ(၄၃)ဦး၊ လူဦးရေ(၇၇)ဦးအတွက် ပြောင်းရွှေ့အိမ်(၁)လုံးလျှင် (၁ဝဝ,ဝဝဝိ/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂,၅ဝဝ,ဝဝဝ/-)ကျပ်၊ လူဦးရေ(၇၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆၁,၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၆၆၁,၇၀၀/-)ကျပ်၊ ဓါတ်ဆား (၂၅ဝ)ထုပ် (၂၈-၇-၂ဝ၂ဝ)ရက်နေ့ တွင် လည်းကောင်း ထပ်မံပြောင်းရွှေ့သည့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းနှင့် အိမ်ခြေ(၉)လုံး၊ သံဃာ(၅)ပါး၊ အိမ်ထောင်စု(၉)စု၊ … Read more
-
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် ကြာနီကန်ရပ်ကွက်တို့၌ (၂၈-၇-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သော ပြောင်းရွှေ့နေအိမ် (၁၈)လုံး၊ အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၆၆)ဦးတို့အတွတ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ စုစုပေါင်း (၁၃၈၆၀၀/-) ကျပ်၊ အိမ်ထောင်စု (၁)စုလျှင်ဆပ်ပြာ (၁)တောင့်၊ Surgical Mask (၂)ခုနှုန်းဖြင့် ဆပ်ပြာ (၁၈)တောင့်နှင့် Mask (၃၆)ခုတို့အား (၂၉-၇-၂၀၂၀) ရက်နေ့၊ … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း များဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကော့သောင်း ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့ ကော့သောင်းခရိုင်၊ကော့သောင်းမြို၊ (၁၄) မိုင်ကျေးရွာနှင့် (၁၅) မိုင် ကျေးရွာအတွင်းရှိ ပြည်သူများအား မိုးရာသီကာလ အတွင်းဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင်ရန်များ၊ covid19ရောဂါနှင့်စပ်လျဉ်း အသိပညာပေးခြင်း၊ လော်စပီကာ၊ Hand Speaker ဖြင့် လိုက်လံ ဆော်သြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ ar #tny_jul2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပျော်ဘွယ် မြို့နယ်ဦးစီး မှူးရုံး မှတာဝန်ရှိသူများသည် အလင်းရောင်ပရဟိတ အသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ( ၂၉-၇- ၂၀၂၀)ရက်နေ့ (၀၉:၀၀)နာရီမှ ( ၁၉:၃၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာပေါင်း (၂၀)ရွာတို့အား Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ (မိုးကြိုးဘေး ၊ လေပြင်းဘေး ၊ ရေဘေး)ကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုထံသို့ Hand Speaker စက်ဖြင့် လှည့်လည်၍ … Read more
-
COVID-19 ကူးစက်မြန်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဘောလခဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၀) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာ၊ စောလုံကျေးရွာ၊ လယ်ဝိန်း ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေ ရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_jul2020 Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ သပြေကျွန်းကျေးရွာအုပ်စု၊ သပြေကျွန်းကျေးရွာ၊ မကျည်းပင်စု ကျေးရွာ၊ တကူးကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ အား အားပေးထောက်ပံ့ခြင်းများ ဆောင်ရွက်မှုသတင်း
ဇူလိုင် ၂၉၊ စစ်ကိုင်းမြို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု (၁,၄၅၁) စု၊ လူဦးရေ (၆၅၁၆) ဦးတို့အား ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ပေးခဲ့ရပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခြင်း၊ စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေများနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်း များ ထောက်ပံ့ခြင်းတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန … Read more
