လေဘေးအတွက်‌ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၊ (၂၀:၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ပိုးလောင်း​​လေးကျေးရွာ၌ ​ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၁)ပုံး (၃၄၇၅၃) ၊ ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၀၅၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၀၅၀၀/-)ကျပ်အား (၇-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_sgw

#ayy_aug2020

Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events