လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊အလယ်ကျွန်းကျေးရွာတွင် (၅.၈.၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ(၁)လုံး၊ လူဦးရေ (၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀ဝ/-)၊ လူဦးရေ (၃) ဦး တို့အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၆၃၀ဝ/-)၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ငွေ(၅၆၃၀၀/-)ကျပ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ အလယ်ကျွန်းကျေးရွာ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၇.၈.၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_aug2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)