လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၆-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ လပွတ္တလုပ် တောင်/မြောက်ကျေးရွာအုပ်စု၊ လပွတ္တလုပ်တောင်/မြောက် ကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ကြိမ်ချောင်းကျေးရွာ၊ ကန့်ဘလာကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ဘုရားကြီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာနှင့် ဓမင်းချောင်းကျေးရွာ များတို့တွင် (ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် First Aid Kit ဝေငှခြင်းများကို အများပြည်သူများ သိရှိလိုက်နာ ရန်ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)