လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည် (၁၃:၀၀) နာရီအချိန် အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ပွဲစားဂုံညင်းတန်းကျေးရွာ၊ ရိုးစောင်းကျေးရွာ၊ ကုလားစုကျေးရွာ၊ လိပ်ကုန်း ကျေးရွာ၊ လင်းတိုင်းကျေးရွာ၊ သါယါကုန်းလေးကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ (၂၉.၇.၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့ အားလည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း လှည့်လည်၍ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)