Author Archives: Hlaing ChoOo

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအုပ်စု၊ လမ်းမတော်ကျေးရွာဘုန်းကြီးကျောင်းတွင် သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်း၊ ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ နံရံကပ်ပိုစတာများ ပေးအပ်ခြင်း၊ အအေးဘူးများဝေငှပေးခြင်းနှင့် မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ်အကြောင်း ဆွေးနွေးဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦး ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊အိုးလုတ်ရပ်ကွက်၊ ဥဿရံတိုးချဲ့ကွက်သစ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၇) ရက်နေ့တွင် ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:          တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီဌာန မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂ -၂၀၁၇)ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ တိမ်ညိုစံပြကျေးရွာရှိ မိုဘိုင်းဖုန်းဆိုင်များတွင် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ DAN Mobile Application Sticker များအား လိုက်လံကပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့တွင် သထုံမြို့နယ်၊ နန်းခဲရပ်ကွက်တွင် ဖြစ်ပွားသောမီးဘေးကြောင့် နေအိမ် (၃) လုံး၊ လူဦးရေ (၁၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃) အိမ်ထောင်စာ၊ Family Kit (၂၀) မျိုးပါ (၃) အိတ်၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၆၁၀,၈၀၀) ကျပ်တို့အား (၁၈-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကျီးကန်းဒေါင့်ကျေးရွာ၌ (၃၀-၅-၂၀၁၄) ရက်နေ့တွင် လောင်ကျွမ်းခဲ့သောမီးဘေးကြောင့် လက်ရှိအချိန်ထိ နေအိမ်ပြန်လည်မဆောက်နိုင်သေးသော အိမ်ထောင်စု (၄) စုအတွက် အိမ်ထောင်စု (၁) စုလျှင် (၁၀၀,၀၀၀) နှုန်းဖြင့် စုစုပေါင်း (၄၀၀,၀၀၀) ကျပ်တို့အား (၁၇-၂-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:          ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၇) ရက်နေ့၌ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာအုပ်စု၊ ပေါက်တောပြင်ဘုန်းကြီးကျောင်းတွင် (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များဟောပြောခဲ့ပြီး မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ်များအကြောင်း ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၆၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ကြီးတံခွန်မြို့နယ်၊ သပန်းကုန်းရပ်ကွက် (၅၄) လမ်းနှင့် (၅၅) လမ်းကြားတွင် (၁၈-၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် အိမ်ခြေ (၁၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၈) စုမှ လူဦးရေ (၉၉) ဦးမီးဘေးခံစားခဲ့ရပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ (၁၈) အိမ်ထောင်စုစာ၊ Hygiene Kit (၁၈) စုံ၊ ဆန်ရိက္ခာဖိုးငွေ (၈၉,၁၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်နှင့် ရေသန့် … Read more

  • ပြည်သူ့အကျိုးဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်မှုသတင်း

    သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အရေးကြီးပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်း အခြေခံလူ့အခွင့် အရေး ရရှိရေး ဒီမိုကရေစီစံနှုန်းများနှင့်အညီဖြစ်စေရေး လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် လူမှု အသိုက်အဝန်းတစ်ရပ်ဖြစ်စေရေးအတွက် မူဝါဒများချမှတ်၍ မွေးကင်းစမှ သက်ကြီး ရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးတွင်ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများသည် (၁၇-၂-၂၀၁၇) ရက်နေ့တွင် ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၇၈) တို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events