Author Archives: Hlaing ChoOo

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအားရှင်းလင်းပြောကြားပြီး မိုဘိုင်းဖုန်းများသို့ ထည့်သွင်းဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၃/၂၀၁၇) ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂-၃-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၃/၂၀၁၇) အား ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းသို့ တက်ရောက်သူဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြိုင်သာယာတိုးချဲ့ (၂) တွင် (၁၉-၃-၂၀၁၇) ရက်နေ့၌ ဝါယာကြိုးအပူလွန်ကဲ၍ အနီးရှိထရံကာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အိမ်ထောင်စု (၁) စု မီးလောင်ကျွမ်းခဲ့ပါသည်။ အဆိုပါ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄,၅၀၀) ကျပ်တို့အား (၂၁-၃-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၂/၂၀၁၇) ဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း (၂/၂၀၁၇) ကို  (၂၁-၃-၂၀၁၇) ရက်နေ့မှ (၂၃-၃-၂၀၁၇) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူး (ကဆရ) မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ သင်တန်းသား/ သင်တန်းသူ  စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  စစ်တွေမြို့နယ်၊ ဘောင်းဒွတ်သားစုရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူဦးရေ (၉) ဦး ဘေးသင့်ခဲ့ပါသည်။ အဆိုပါ အမိုးလန် နေအိမ် (၂) လုံးနှင့် ဘေးသင့်လူဦးရေ (၉) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ (၂) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၃) ရက်စာ (၈,၁၀၀) ကျပ်တို့အား (၂၀-၃-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၃-၂၀၁၇) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအဖွဲ့တို့ပူးပေါင်း၍ ဝမ်ပုံကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၁၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် တုံတာမြို့၊ အ.မ.က ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေး၊ လေပြင်ဘေနှင့် မြေငလျင်နှင့် ပတ်သက်သည့် အထူးလိုက်နာဆောင်ရွက်ရန်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    (၁၇-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုလာဘာတောင်ကျေးရွာနေ ဦးစံထွန်းကျော်ပိုင် စက်လှေသည် နဂါးမောက်အငူအရောက်တွင် စက်လှေအင်ဂျင်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျား (၂) ဦး၊ မ(၄) ဦး စုစုပေါင်း (၆) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူများအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၀၀,၀၀၀) ကျပ်တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၁၈-၃-၂၀၁၇) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများရှေ့တွင် သွားရောက် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစာများနှင့် နံရံကပ်ပိုစတာများလည်း ဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှလည်း မီးသတ်ဆေးဘူးဖွင့်ပြီး မီးငြိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ဖြစ်ပွားသော ဖြစ်စဉ်များကြောင့် လောက်ကိုင်ရဲတပ်ဖွဲ့မှ ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် (၆) ဦးနှင့် မှီခို (၂) ဦး၊ စုစုပေါင်း (၈) ဦးအတွက် (၁) ဦးလှျှှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်နှင့် လောက်ကိုင်ဒေသခံ တိုက်ပွဲရှောင်ထပ်တိုး အိမ်ထောင်စု (၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၆) အိမ်ထောင်စာတို့အား (၁၇-၃-၂၀၁၇) ရက်နေ့တွင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်း၌ … Read more

Sign Up

Upcoming Events