ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၂-၃-၂၀၁၇) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်း (၃/၂၀၁၇) အား ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးနှင့် တွံတေးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းသို့ တက်ရောက်သူဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)