ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၁၇) ရက်နေ့တွင် တုံတာမြို့၊ အ.မ.က ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေး၊ လေပြင်ဘေနှင့် မြေငလျင်နှင့် ပတ်သက်သည့် အထူးလိုက်နာဆောင်ရွက်ရန်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)