သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၃-၂၀၁၇) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ လက်ထုတ်ကျေးရွာအုပ်စု၊ လက်ထုပ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအားရှင်းလင်းပြောကြားပြီး မိုဘိုင်းဖုန်းများသို့ ထည့်သွင်းဆောင်ရွက်ပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၅၀) ဦးခန့်ရှိကြောင်းသတင်းရရှိပါသည်။

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events