(၁၇-၃-၂၀၁၇) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုလာဘာတောင်ကျေးရွာနေ ဦးစံထွန်းကျော်ပိုင် စက်လှေသည် နဂါးမောက်အငူအရောက်တွင် စက်လှေအင်ဂျင်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကျား (၂) ဦး၊ မ(၄) ဦး စုစုပေါင်း (၆) ဦးသေဆုံးခဲ့ပါသည်။ အဆိုပါ သေဆုံးသူများအတွက် တစ်ဦးလျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၆၀၀,၀၀၀) ကျပ်တို့အား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၁၈-၃-၂၀၁၇) ရက်နေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများရှေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)