Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သောဒီပဲယင်းမြို့နယ်၊ ဆည်တောကျေးရွာမှ အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၆၀,၀၀) ကျပ်နှင့် ရွာရှည်ကျေးရွာ အိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၇၃၀,၀၀၀) ကျပ် တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၁၇-၅-၂၀၁၇) … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ၊ အေးချမ်းမြိုင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ (၁၀-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်သတိပေးခြင်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျောဘွယ်လေးရွာနှင့် လက်ပံကုန်းရွာတို့မှ ကျေးရွာနေပြည်သူများအတွက် မိုးဦးရာသီအစ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားချက် ဗီနိုင်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်၍ ကြိုတင်သတိပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ မန်ကျည်းပင်ကျေးရွာအုပ်စုတွင်တည်ရှိသော ကြို့ပင်ရိုးကျေးရွာကမ်းပြိုခြင်းကာကွယ်နိုင်ရန် ရေလမ်းကြောင်းပြောင်းလွှဲဖောက်လုပ်ခြင်းလုပ်ငန်းများပြုလုပ်ရန်အတွက် ထောက်ပံ့ငွေ သိန်းရှစ်ဆယ် (၈,၀၀၀,၀၀၀) တိတိအား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ဒေသလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် ပဲခူးတိုင်းဒေသကြီးဦးစီးမှူး (ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန)တို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပဲနွယ်ကုန်းမြို့ အုပ်ချုပ်ရေးမှူးမှ လက်ခံခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်ကာ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျေးရွာနေပြည်သူများထံ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရန်အတွက် အဆိုပါ ပန်ကြားချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၁) ရွာတို့၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ (၅၅) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၃,၀၃၂,၇၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)    

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ မက္ကာလာကျကျေးရွာ၊ မင်းကန်ကျေးရွာ၊ တန်းစွယ်ကျေးရွာတို့တွင် (၁၆-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်လူနေအိမ် (၁) လုံးစီ စုစုပေါင်း လူနေအိမ် (၃) လုံး လုံးဝပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးသင့် အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကွန်ကော်ကျေးရွာအနီး၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် နေအိမ် (၃) လုံးနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း လက်နက်ထိမှန်ခဲ့ပြီး လူ (၂) ဦးဒဏ်ရာရှိခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရရှိလူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ထမကန်ကျေးရွာတွင် (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်း ထောက်ပ့ံငွေ (၁၁၂,၆၀၀) ကျပ်တို့အား (၁၆-၅-၂၀၁၇) ရက်နေ့တွင် ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)  

Sign Up

Upcoming Events