ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သောဒီပဲယင်းမြို့နယ်၊ ဆည်တောကျေးရွာမှ အိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၃) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၆၀,၀၀) ကျပ်နှင့် ရွာရှည်ကျေးရွာ အိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၄) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုငွေ (၇၃၀,၀၀၀) ကျပ် တို့အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်အတူ (၁၇-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)