ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာ၊ အေးချမ်းမြိုင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်း၌ (၁၀-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)